ငြိမ်းချမ်းရေးအတွက် လူငယ်တွေနဲ့ လူကြီးတွေရဲ့ အသံ


2018.05.16

စစ်ပွဲတွေရပ်ဖို့တောင်းဆိုတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် လူငယ်အများစုအပါအဝင် တရားစွဲခံနေရ တဲ့သူ ရန်ကုန်နဲ့ မန္တလေးမှာ ၄၂ ယောက်ရှိပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ စနေနေ့က လှုပ်ရှားမှုကြောင့် ၁၇ ယောက်တရားစွဲခံရပြီး၊ တနင်္ဂနွေက ကဗျာရွတ်ပွဲ မှာလည်း ၄ ယောက်ထက်မနည်း တရားစွဲခံရပါတယ်။

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ အနှစ် ၇၀ ကြာ လက်နက်ကိုင်တိုက်နေကြတဲ့ ပြည်တွင်းစစ်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ခေတ်လူငယ်တွေအနေနဲ့ မထမ်းချင်တော့ဘဲ ငြိမ်းချမ်းတဲ့ခေတ်သစ် တစ်ခုဆီ ကမ္ဘာ့ရေစီးကြောင်းနဲ့အတူ အားသွန်ခွန်စိုက်ကူးခတ်ချင်ကြပြီလို့ လူငယ်တွေကပြောနေကြပါတယ်။

ဒါကြောင့် တရားစွဲခံရတဲ့ လူငယ်တွေ၊ ကဗျာဆရာတွေရဲ့အသံနဲ့ လူကြီးတွေက ဒီအပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။