ရခိုင်ပြည်နယ်က ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရ


2019.05.08
rakhine-army-622.jpg ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ကြောင်း ဒီနေ့မေလ ၈ ရက်မနက်က တိုက်ခိုက်ခံရသလို၊ ကျောက်တော်မြို့နယ်မှာ မြန်မာ့တပ်မတော်ကို AA အဖွဲ့က မနေ့ကကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက ပြောပါတယ်။

အခုမေလ ပထမပတ်အတွင်း တိုက်ပွဲတွေ တော်တော်များများဖြစ်နေပြီး နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာရှိတယ်လို့ AA အဖွဲ့ကပြောပေမယ့် ကျဆုံးမှုရှိတယ်ဆိုတာကိုတော့ မြန်မာ့တပ်မတော်က ငြင်းဆိုပါတယ်။

RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။