ကျောက်တော်မြို့နယ်က စစ်တပ်သိမ်း လယ်ယာမြေများ
2018.07.25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေဧကပေါင်း ၁၃ဝဝ ကျော်ထဲက အသုံးမပြုတဲ့မြေတွေကို ပြန်ပေးဖို့နဲ့၊ အသုံးပြုထားပြီးသား မြေတွေအတွက်လည်း နစ်နာကြေးရဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။