ရှမ်းပြည် NLD ပါတီခေါင်းဆောင် ၆ ဦး ဖယ်ရှား ခံရတဲ့အကြောင်း တင်ပြချက်

2016-09-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်မှုဆောင် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးတို့ကို ပါတီကနေ ထုတ်ပယ်လိုက်တဲ့အတွက် တောင်ကြီးမြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့က ပါတီက နှုတ်ထွက်ကြောင်း ဗဟိုဌာနချုပ်ကို စာတင်လိုက်ပါတယ်။

ပြည်နယ်အလုပ်မှုဆောင်အဖွဲ့မှာ အသစ်အစားထိုးခန့်အပ်ခံရသူတွေထဲက တစ်ဦးကလည်း အဲဒီ့တာဝန်ကို ဆောင်ရွက်မှာ မဟုတ်ကြောင်း ပြောပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့