သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-17
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်မယ်ဆိုပေမယ့် ဒါနဲ့ပတ်သက်တဲ့ ဥပဒေပြဌာန်းထားတာမရှိသေးဘဲ မှန်မှန်ကန်ကန်နဲ့ အောင်မြင်အောင် ဖော်ဆောင်နိုင်ရင် ရှေ့ပြေးဆောင်ရွက် တာကို လက်ခံကြိုဆိုကြမှာမို့ ဘက်စုံထောင့်စုံက သုံးသပ်ဆောင်ရွက်သင့်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် ကတင်ပြထားပါတယ်။
2017-05-16
မြန်မာနိုင်ငံမှာ ကလေးမီးဖွားစဉ်သေဆုံးမှုနှုန်းဟာ အရှေ့တောင်အာရှမှာ ဒုတိယအမြင့်ဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင်သူ ၁ သိန်းမှာ မီးဖွားစဉ်သေဆုံးသူ ၂၈၂ ဦး ရှိနေပါတယ်။
2017-05-16
အစိုးရသစ်လက်ထက်မှာ အခြေခံအလုပ်သမားတွေအတွက် အလုပ်ချိန် ၈ နာရီ အနိမ့်ဆုံးလုပ်ခ ၅၆၀၀ ကျပ် သတ်မှတ်ပေးရေးအပါအဝင် တောင်းဆိုချက် ၆ ချက်ကို အလုပ်သမားအဖွဲ့ အစည်းတချို့က မေလ ၁ ရက် အလုပ်သမားနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
2017-05-16
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကနေ သဘောတူလိုက်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ပြုမယ့်ကိစ္စဟာ နိုင်ငံရေးမြှူဆွယ်မှုတခုလို့ တိုင်းရင်းသားတွေကရှုမြင်နေကြပါတယ်။
2017-05-15
မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်ဆဲ ဘာသာ လူမျိုးပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေ၊ ပြဿနာတွေ ပိုမိုဆိုးရွားမလာခင် မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ဖြေရှင်းဖို့ လိုအပ် ပုံတွေကို ဦးသစ်ဆင်း က တင်ပြမှာပါ။
2017-05-15
အခြေခံပညာ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ ၂ပါတ်ကျော်ပဲလိုတော့ပေမယ့် အခုချိန်ထိ ကျောင်းကားစနစ်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးတဲ့အတွက် ကျောင်းသားမိဘတွေကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။
2017-05-15
အိန္ဒိယနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ၀၀လင်လင်ကျွေးမွေးနိုင်ဖို့ မြန်မာနိုင်ငံကလည်း ပဲမျိုးစုံတင်သွင်းနေရာက နောက်ပိုင်းမှာ ပဲမျိုးစုံစားကုန်ထုတ်လုပ်ရေးစက်ရုံတွေပါ ပြည်တွင်းမှာ တည်ထောင်ပါမယ်။
2017-05-12
နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေတဲ့ လှုပ်ရှားမှုတွေကို ပြတ်ပြတ် သားသား ကိုင်တွယ်ဆောင်ရွက်သင့်ပြီး လတ်တလော သတိထားစရာဖြစ်လာနေ တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအတွက် NLD အစိုးရဟာ ဒီထက်အားကောင်းတဲ့ အစိုးရ တရပ်ဖြစ်ဖို့ လိုအပ်နေပြီဆိုတဲ့ ထောက်ပြ ချက်တွေကိုတော့ မသင်းသီရိ ဆက်ပြောပြမှာပါ။
2017-05-12
မြန်မာနိုင်ငံမှာ တရားမဝင်ကိုယ်ဝန်ဖျက်ချမှုနဲ့ မွေးစကလေးစွန့်ပစ်မှုတွေ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ အဲဒီလိုတွေတိုးပွားလာခြင်းရဲ့အကြောင်းရင်းနဲ့ ဒီကိစ္စတွေကိုလျော့ချကာကွယ်နိုင်မယ့် သုံးသပ်ချက်တချို့ကို မခက်မာ ဆက်လက်တင်ပြပေးပါ့မယ်။
2017-05-11
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်မှုတွရှိနေတာကြောင့် အရေးယူ ပေးဖို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာ တင်သွင်းထားပါတယ်။
2017-05-11
မြန်မာမြေက သယံဇာတထုတ်ယူမှုတွေထဲမှာ အခုနောက်ဆုံးပေါ်ထုတ်ယူနေကြတာက သဲထုတ်ယူတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်က ဆောက်လုပ်ရေးလုပ်ငန်းအတွက် သဲထုတ်လုပ်သူတွေ မြစ်ကြောင်းတွေ တလျှောက်မှာပဲ ရှိခဲ့ပေမဲ့အခုတော့ မြစ်ဝတွေနဲ့ ကမ်းရိုးတန်းတွေမှာပါ ထုတ်ယူဖို့ တိုးချဲ့လာနေကြပါပြီ။
2017-05-10
အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ ဆောက် လုပ်ဖို့လျာထားတဲ့ ကျောက်မီးသွေးသုံး ဓာတ် အားပေး စက်ရုံစီမံကိန်းတွေ ဖျက်သိမ်းလိုက်ရင် တနှစ်မှာ လူငါးသောင်း အသက်ချမ်းသာရာရကြ မယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။
2017-05-09
နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိတဲ့ရန်ကုန်မြို့မှာ ဒီနှစ်မိုးပိုများပြီး ရေပိုကြီးမယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
2017-05-09
ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ NCA အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက လက်မှတ်ထိုး-မထိုးဖြစ်နေတဲ့ကာလမှာပဲ၊ KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ WNO ဝအမျိုးသား အဖွဲ့ချုပ်တို့က ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ် ကောင်စီ UNFC ကနေ နှုတ်ထွက်ခွင့်တောင်းတဲ့ စာတွေထွက်ပေါ်လာပါတယ်။
2017-05-08
NLD အစိုးရလက်ထက်မှာ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) လို အများပြည်သူအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေ ဆက်လက်ကျင့်သုံးနေတာအပါအဝင် အစိုးရရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းစဉ်ထဲမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဖော်ဆောင်ဖို့ မပါရှိတဲ့အပေါ် RSF ခေါ် ပြင်သစ်အခြေစိုက် နယ် စည်းမခြား သတင်းထောက်များအဖွဲ့နဲ့တကွ နိုင် ငံတကာ သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ အစည်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။