သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-07
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် အရပ်သားအစိုးရ တက်လာတာ အခုဆိုရင် သက်တမ်းတဝက် ရှိလာချိန်မှာ - အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြီးမားလွန်းတာ ကြောင့် ထင်သလောက် အပြောင်းအလဲတွေ မဖြစ်ရတာလို့ ယူဆသူတွေလည်း ရှိပါတယ်။
2018-12-06
ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ကမ္ဘာတဝှမ်းမှာ လူ့အခွင့်အရေး ကာကွယ်သူပေါင်း ၃၅ဝဝ ထက်မနည်း အသတ်ခံခဲ့ရပြီး အဲဒီထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အခုနှစ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2018-12-06
အစိုးရက သတင်းမီဒီယာတာဝန်ယူပြီး သတင်းထုတ်ပြန်နေတာဟာ ဝါဒဖြန့်ချီမှုသာဖြစ်ပြီး၊ နိုင်ငံပိုင် မီဒီယာအနေနဲ့ အစိုးရရဲ့မှားယွင်းလုပ်ဆောင်ချက်တွေကို ထောက်ပြဝေဖန် ထိန်းကြောင်းဖို့မဖြစ်နိုင်ဘူးလို့ သတင်းမီဒီယာအဖွဲ့အစည်း ၁၆ ခုက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-05
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက်ဘာသာကြီးလို့ သူသုံးစွဲခဲ့တာဟာ ပြည်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို နစ်နာစေလိုတာ မဟုတ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ရည်ရွယ်ပြောခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
2018-12-05
မြန်မာ-ထိုင်းအစိုးရတို့ ပူးပေါင်းပြီး ထိုင်းရောက် မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ်လျှောက် ထားနိုင်အောင် အချက်လက်စုဆောင်းစင်တာ ဖွင့်လှစ်ပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
2018-12-04
မြန်မာနိုင်ငံမှာ HIV ရောဂါဖြစ်ပွားမှုနှုန်းဟာ ကချင်ပြည်နယ်မှာ အမြင့်မားဆုံးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
2018-12-03
အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဟာ ၂ဝ၁ဝ ပြည့်နှစ်ကစလို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်ကိုပါ ချီးမြှင့်လာပါတယ်။ ၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုတွေထဲက အင်္ဂလိပ်ဘာသာဆုကို အမျိုးသမီးတဦးက ထူးထူးခြားခြား ရရှိခဲ့ပါတယ်။
2018-12-03
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ ကြိုးစား ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ကြေညာထားပါတယ်။
2018-12-03
မကြာသေးခင်က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းဟာ ကလေးသူငယ်တွေ အခွင့်အရေး ထိခိုက်နိုင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
2018-12-03
ဧရာမရေကာတာကြီးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေ လူမှုဘဝကို ထိခိုက်ပေမဲ့ ဒါတွေကို လျှော့တွက်ကြပြီး စီမံကိန်းကြီးတွေ ဖော်ဆောင်နေပါတယ်။
2018-11-30
အသက် ၁၂ နှစ်အောက် မုဒိမ်းးမှုကျူးလွန်တာကို သက်ငယ်မုဒိမ်းမှုအဖြစ် သတ်မှတ်ပြီး ကျူးလွန်သူတွေကို ထောင်ဒဏ် တသက်တကျွန်းချမှတ်ဖို့ အမျိုးသားလွှွတ်တော်က အတည်ပြုလိုက်ပါတယ်။
2018-11-30
မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားနှုန်းကျဆင်းလာတာတွေ့ရပေမယ့် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ ရောဂါသည် များပြားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
2018-11-30
နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာမောင်အောင်ပွင့်ဟာ နိုဝင်ဘာလ ၃ဝ ရက်နေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။
2018-11-30
အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ပေးထားတဲ့ ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးဥပဒေအကျိုးဆောင် အဖွဲ့က… မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တွေ တွေ့ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
2018-11-29
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်တိုင်ကြားမှု ၊ လုပ်ငန်းတွေမပြီးပြတ်မှု… စတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသတွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ပြည်နယ်အစိုးရက နာမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။