သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-10
နေပြည်တော် လွှတ်တော်အဆောက်အအုံနားမှာ မောင်းသူမဲ့ Drone ယာဉ်နဲ့ ဓာတ်ပုံရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦးနဲ့ မြန်မာစကားပြန် အပါအဝင် ၄ ဦးကို နေပြည်တော်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်ရမှာပါ။
2017-11-10
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးသူတွေအတွက် SIM ကဒ်တွေ မှတ်ပုံတင်ဖို့ကို ၂၀၁၆ ခုနှစ်ထဲက ကြိုးစားခဲ့ပြီး ထိုင်း၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းသုံးသူတွေ ဆင်းကဒ်မှတ်ပုံတင်တဲ့အခါ ဓါတ်ပုံဖြစ်စေ၊ လက်ဗွေဖြစ်စေ ပေးရမှာဖြစ်တယ်လို့ ကန့်သတ်ကြေညာလိုက်ပါတယ်။
2017-11-10
ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မပြုဖို့ တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီးက ညွှန်ကြားတာဟာ ဒေသဆိုင်ရာလိုအပ်ချက်ကြောင့်လို့ ပြောဆိုသူတွေရှိသလို၊ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့အတွက် တစုံတစ်ယောက်က တရားစီရင်ရေးကို ဦးတိုက်လျှောက်ထားခွင့်ရှိတယ်လို့လည်း ထောက်ပြမှုတွေရှိပါတယ်။
2017-11-10
နေပြည်တော် လွှတ်တော်အဆောက်အအုံနားမှာ မောင်းသူမဲ့ Drone ယာဉ်နဲ့ ဓာတ်ပုံရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံခြားသတင်းထောက် နှစ်ဦးနဲ့ မြန်မာစကားပြန် အပါအဝင် ၄ ဦးကို နေပြည်တော်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်ရမှာပါ။
2017-11-08
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စုနားမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှာ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
2017-11-08
တရုတ်နိုင်ငံဟာ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို လက်မလွတ်သေးဘဲ စည်းရုံးနေပေမယ့် လူထုက လက်မခံဘူးလို့ KDP ကချင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂျီအောင်ခမ်း က ပြောပါတယ်။
2017-11-08
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တိုးပေးဖို့ ဆောင်ရွက်တဲ့အခါ လူတစ်ယောက် အခြေခံလိုအပ်တဲ့ စား၊ဝတ်နေရေးပေါ်မှာတွက်ပြီး မူတည်ဆုံးဖြတ်သင့်သလို၊ ဥပဒေကိုလဲမျှတစေချင်တယ်လို့ ပြောဆိုကြပါတယ်။
2017-11-07
လက်ရှိ NLD အစိုးရရဲ့ဆောင်ရွက်ချက်တွေကို အားမရတဲ့အတွက် ပြည်ထောင်စုကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ခုနောက်ပိုင်းမှာ ရွာလုံးကျွတ်ဝင်လာကြတယ်လို့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
2017-11-07
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-06
လာမယ့်သီတင်းပတ် မြန်မာနိုင်ငံကိုလာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေနဲ့ လက်ရှိနိုင်ငံရဲ့ ပကတိအခြေအနေတွေကို ရှင်းလင်းပြောပြနိုင်လိမ့် မယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေက သုံးသပ်မျှော်လင့်နေကြပါတယ်။
2017-11-06
လျှပ်စစ်လည်း မသုံးနိုင်၊ ဓာတ်ငွေ့လည်း မရနိုင်တဲ့အခါ ထင်း-မီးသွေးနဲ့ နေ့စဉ် ချက်ပြုတ်နေရတဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးထိခိုက်လို့ ထိခိုက်နေမှန်းမသိကြပါဘူး။
2017-11-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မနေ့က သွားခဲ့တဲ့ မောင်တောခရီးစဉ်ဟာ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းနိုင်ဖို့ ဘယ်လောက် ထိ ထိရောက်မှုရှိခဲ့သလဲဆိုတဲ့ အမြင်နဲ့ သုံးသပ် ချက်တွေကိုတော့ မသင်းသီရိ စုစည်းတင်ပြထား ပါတယ်။
2017-11-03
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က လယ်သမားအရေး လှုပ်ရှားသူတစ်ဦးကို လူအုပ်စုတစ်စုက နေ့ခင်းကြောင်တောင် အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တာအပြင် ရိုက်နှက်တဲ့ ဗီဒီယိုင်ဖိုင်ကိုလည်း အွန်လိုင်းမှာလွှင့်ခဲ့တဲ့အထိလုပ်ရပ်ဟာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူတွေ အကာအကွယ်မဲ့နေတာကို ပြသတာပဲဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
2017-11-02
ဒီကနေ့ နိုဝင်ဘာ (၂) ရက်နေ့ဟာ နိုင်ငံတကာ သတင်းသမားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း သတင်းသမားတွေနဲ့ သတင်း လုပ်ငန်းတွေအပေါ်မှာ ခြိမ်းခြောက်ခံနေရတာတွေ၊ ဖမ်းဆီးအပြစ်ပေး အရေးယူခံနေရတွေရှိနေတယ် ဆိုတဲ့ အမြင်နဲ့သုံးသပ်ချက်တချို့ကို မသင်းသီရိ ဆက်ပြောပြမှာပါ၊
2017-11-02
၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောထားပေမယ့် မြန်မာနိုင်ငံမှာ တကယ်တမ်း ငြိမ်းချမ်းရေးရဖို့ စိန်ခေါ်မှုတွေ အများအပြားကျန်နေသေးတယ်ဆိုပြီး ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ ဒီဝေဖန်ချက်တွေဟာ NCA အပေါ်မှာ အစိုးရနဲ့ စစ်တပ်က တရားသေဆုပ်ကိုင်ထားတာကြောင့်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။