သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-18
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကျော်မှာ ရွှေစျေးတွေ မြင့်တက်လာအောင် စျေးကစားသူတွေကို စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ (YGEA) က သတိပေးထုတ်ပြန်ထားပါတယ်။
2024-03-17
မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာကို မတ် ၁၈ ရက် မနက်တစ်နာရီခွဲလောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-03-17
မြစ်ဆုံနဲ့ မြစ်ရိုးတစ်လျှောက် ရွှေကို စက်ယန္တရားကြီးတွေနဲ့ တူးတာကြောင့် မြစ်ရေသောက်သုံးလို့မရတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-03-17
စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ကလေးကာကွယ်ဆေးထိုးလုပ်ငန်းက စံချိန်တင်ကျဆင်းသွားပြီး ကလေး နှစ်သန်းနီးပါးကို ဆေးထိုးပေးဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။
2024-03-17
ကလေးမြို့နယ် စစ်ဘေးဒုက္ခသည် အရေးကူညီနေသူတစ်ဦးကတော့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်ရှိလာပြီး ရိက္ခာနဲ့ဆေးဝါး အခက်အခဲရှိတယ်လို့ ပြောပါတယ်။
2024-03-17
ဖားကန့်မြို့နယ် တာမခန်၊ ဟောင်ပါး၊ လုံးခင်း၊ မှော်စီဆာ၊ ကုဋေနဲ့ မှော်ရှန်ဘက်တွေမှာ ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
2024-03-16
ကရင်ပြည်နယ် ကော့ကရိတ်မြို့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာအပြင် လုယက်မီးရှို့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-16
မြန်မာနိုင်ငံက အလုပ်ရှင်အများစုဟာ အလုပ်သမားဥပဒေ ချိုးဖောက်နေကြတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
2024-03-15
အထောက်အထားရှိရှိ၊ မရှိရှိ ကလေးတိုင်း အစိုးရကျောင်းတွေမှာ မူလတန်းကနေ ၉ တန်းအထိ ပညာသင်ခွင့်ရှိတယ်ဆိုတဲ့မူဝါဒကို ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်ကတည်းက ထိုင်းအစိုးရက အတည်ပြုပြဌာန်းခဲ့တာပါ။
2024-03-15
ရန်ကုန်တိုင်းက မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်တာ၊ ဖောင်ဖြည့်ခိုင်းတာ၊ ရပ်ကွက်ရုံး ဆင့်ခေါ်တာတွေ စတင်လာတဲ့အတွက် လူငယ်တွေနဲ့ မိဘတွေကြား စိုးရိမ်ပူပန်မှု မြင့်တက်လာပါတယ်။
2024-03-15
ပဲခူးရိုးမ တောင်ခြေမှာ တည်ဆောက်ထားတဲ့ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ၂၀၂၃ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်နီးပါးအတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအထိရှိနေပါတယ်။
2024-03-15
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မတ်လ ၆ ရက်နေ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-14
ကရင်နီပြည်လို့ခေါ်တဲ့ ကယားပြည်နယ်မှာ ဖေဖော်ဝါရီလထဲ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပြီး ရှားတောမြို့ကို အလုံးစုံသိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ စခန်းတွေကိုပါ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတွေက ရရှိခဲ့ပါတယ်။
2024-03-14
စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့ရောင်းချပေးနေတာကို တားဆီးပိတ်ဆို့ပေးရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို မတ် ၁၀ ရက်နေ့က စတင်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။
2024-03-13
ကချင် လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေကြောင့် သက်ကြီးရွယ်အို လေးဦးသေဆုံးခဲ့ပြီး ပိတ်မိနေသူ တစ်ထောင်ခန့်ကို ကယ်ထုတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။