သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-18
မြန်မာနိုင်ငံအတွင်းမှာ ရာဇဝတ်မှုတွေ တစ်နေ့တခြားထူပြောလာတာကို လျှော့ချဖို့အတွက် ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်စီရင်ရေးနဲ့ဆိုင်တဲ့ ဌာနအားလုံးကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
2016-11-17
မနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်နေတဲ့အပေါ် အစိုးရကထိန်းချုပ်ဖို့ အစီအစဉ် ရှိ မရှိဆိုတဲ့ ဒီမေးခွန်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရဲ့ ဖြေကြားချက် အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
2016-11-16
ဘုရားလောင်းမဟောသဓ လက်ထက်ကတည်းကရှိခဲ့တဲ့ တရားစီရင်ရေးစနစ်၊ ရှေးဘုရင်တွေ လက်ထက်က တရားစီရင်ရေးနဲ့ ဒီဘက်ခေတ်တရားဥပဒေတွေအကြောင်းနဲ့ ကိုယ်ပြုတဲ့ကံ ကိုယ်ခံရတယ်လို့တွေးတဲ့ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ရှိသင့်သလား- မရှိသင့်လားဆိုတဲ့ ပြဿနာတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2016-11-16
သက်တမ်း ၇ လ ရှိလာပြီဖြစ်တဲ့ NLD အစိုးရရဲ့ ပြည်သူလူထုအတွက် စွမ်းဆောင်ပေးနိုင်မှုတွေအပေါ် NLD ပါတီဝင် မဟုတ်တဲ့ မဲဆန္ဒရှင် ပြည်သူတချို့ရဲ့အမြင်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-15
မြန်မာနိုင်ငံမှာ တနေ့တခြားများပြားလာတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေထဲမှာ ရာဇဝတ်မှုကြောင့် ထောင်ဒဏ်ကျ ခံခဲ့ဖူးတဲ့သူ အများအပြားပါဝင်နေပါတယ်။
2016-11-15
အခု လတ်တလော Eleven Media Group က အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆-ဃ ကိုအသုံးပြုပြီး ဖမ်းဆီးတာတွေ ဟာ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ် ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာနေပါတယ်။
2016-11-14
ကမ္ဘာ့ထိပ်တန်း အမေရိကန်ပြည်ထောင်စုလို နိုင်ငံ မှာတောင် အမျိုးသမီးတစ်ဦး သမ္မတဖြစ်လာဖို့ အဆင်သင့် မဖြစ်သေးတဲ့အကြောင်း၊ ဆော်ဒီ အာရေးဗျနိုင်ငံ နဲ့ နှိုင်းယှဉ်ရင် မြန်မာအမျိုးသမီးတွေ အချုပ်အခြယ်ခံရတာ အတော် နည်းတဲ့အကြောင်း၊ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ကျား-မ ကွာဟချက် အစီရင်ခံစာအကြောင်း ဒေါ်စမ်းစမ်း တင် က တင်ပြထားပါတယ်။
2016-11-11
စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကနေ ဝိညာဉ်ပိုင်း ဆိုင်ရာနဲ့ အစွဲအလန်းတွေအဖြစ် ပြောင်းလဲလာပြီး လူ့အဖွဲ့အစည်းမှာ ထိခိုက်နိုင်တဲ့ အခြေအနေတွေ အတွက် အထောက်အပံ့ဖြစ်စေမယ့် ဆွေးနွေး ချက်တွေကို RFA အဖွဲ့သူ မခက်မာ တင်ပြထား ပါတယ်။
2016-11-11
မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့ တစ်နေ့တခြားတိုးများလာတဲ့ သတင်းတွေကြောင့် လူ့အဖွဲ့အစည်းတွင်းက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လုံခြုံမှုမရှိဖြစ်လာနေတဲ့ အခြေအနေတွေနဲ့ ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုမှုတွေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-10
အမေရိကန် သမ္မတရွေးကောက်ပွဲကြီး ပြီးဆုံးသွားချိန်မှာ ကြိုတင်ခန့်မှန်းချက်တွေမှာ နာမည်ကြီးနေတဲ့ ဟီလာရီ ကလင်တန် ရှုံးနိမ့်ပြီး စိတ်ထဲရှိတာ ပြောချင်ရာပြောလို့ အများက အပြစ်ပြော ဝေဘန်ခံနေရတဲ့ ဒေါ်နယ် ထရန့် ဘာကြောင့် နိုင်သွားတာလဲ ဆိုတာကို RFA အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။
2016-11-09
ကမ္ဘာတဝှမ်း အသုံးများနေတဲ့ လူမှုကွန်ရက်တွေ အကြောင်းနဲ့ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး ပယ်ဖျက်လိုက်တဲ့အတွက် စာပေလွတ်လပ်ခွင့်ရပြီ လို့ထင်ရပေမယ့် ခေါက်ရိုးကျိုးနေတဲ့အကျင့်တွေ တချို့မှာရှိနေသေးပြီး လွတ်လပ်တယ်ထင်သူတွေ အမှတ်တမဲ့နေလို့မရတဲ့ ဆက်သွယ်ရေးဥပဒေ ရှိနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-11-08
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ NLD ပါတီ အနိုင်ရခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။
2016-11-08
စိတ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေကနေ ဝိညာဉ်ပိုင်းဆိုင်ရာနဲ့ အစွဲအလန်းတွေအဖြစ် ပြောင်းလဲလာတဲ့အတွက် လူ့အဖွဲ့အစည်းမှာ ထိခိုက်နိုင်တဲ့အခြေအနေတွေကို RFA အဖွဲ့သူ မခက်မာ တင်ပြထားပါတယ်။
2016-11-08
ရခိုင်မောင်တောပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆု ပြန်ရုပ်သိမ်းရေးအထိ ခြိမ်းခြောက်ဖိအားပေးလာနိုင်သလားဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-08
ဧရာဝတီမြစ် မြစ်ဖျားခံရာ မြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်တွေနဲ ပတ်သက်ပြီး ဆက်လက်ဆောက်လုပ် သင့်၊ မသင့် စုံစမ်းရေးကော်မရှင်မှ အစီရင်ခံစာကို လာမယ့်နိုဝင်ဘာလ ၁၁ရက်နေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။