သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-27
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့ မှာ မော်တော်ဆိုင်ကယ်တွေ စီးနင်းခွင့်ပေးမယ့် အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ဆင်ခြေဖုံး မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကြောင့် အဆင်ပြေနိုင်စရာရှိနိုင်ပေမယ့် ယာဉ်အန္တရာယ် နဲ့အတူ ဒုစရိုက်မှုတွေ ပိုများလာနိုင်တယ် ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိနေပါတယ်။
2016-10-26
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနှစ် စက်တင်ဘာလမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ထိပ်တန်းနိုင်ငံ ၂၀ မှာပါဝင်တယ်လို့ ဖော်ပြထား ပါတယ်။
2016-10-26
မြန်မာနိုင်ငံသားတွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို ကမ္ဘာအရပ်ရပ်က လာရောက်အခြေချ နေထိုင်သူတွေ တနေ့တခြား များပြားလာနေစဉ်မှာပဲ Kansas ကန်ဆက်ပြည်နယ်ကို ရောက်ရှိလာကြသူတွေနဲ့ ဒေသခံတွေအကြား လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာမုန်းတီးမှုတွေ တိုးပွားလာနေကြောင်း ဆောင်းပါးတပုဒ် The New York Times နယူးယေက် တိုင်းမ်စ် သတင်းစာမှာ ဒီကနေ့ရေးသားထားပါတယ်။ Jack Healy ဂျက် ဟီလီ ရဲ့ဆောင်းပါးကို ဦးခင်မောင်စိုး က ဘာသာပြန်ဆို တင်ပြထားပါတယ်။
2016-10-25
မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်လူ ရွယ်တွေ မြို့ပေါ်တက် အခွင့်အလမ်းရှာဖွေမှု တိုးများ လာတာကြောင့် ကျေးလက်တောရွာတွေမှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို လက်ဆင့်ကမ်း သယ်ဆောင် ထိန်းသိမ်းမယ့် မျိုးဆက်သစ်တွေ အလွန်အမင်းနည်းပါးလာ ပြီး၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့တွေ ပျောက် ကွယ်လာနေတဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-10-25
အိမ်ထောင်မကျတဲ့ အမျိုးသမီးရာခိုင်နှုန်းမြင့်တက်မှုနဲ့အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာတဲ့အတွက် လူဦးရေ ထိန်းချုပ်ရေးမူဝါဒတစ်ရပ်ပြဌာန်းဖို့ စီစဉ်နေပါတယ်။
2016-10-25
မြန်မာနိုင်ငံမှာ အခုတလော အယူသီးမှုတွေ ရှေးရိုးစွဲအယူအဆတွေကြောင့် အသက်သေဆုံးတဲ့အထိ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေ ပေါ်ပေါက်လာနေတာနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-24
ပြီးခဲ့တဲ့ အပတ်အတွင်းက ဖားကန့်မြို့က သောင်းနဲ့ ချီတဲ့ ပြည်သူတွေ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက အတည်ပြုပြဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေ ကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြကြပါတယ်။
2016-10-24
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေထိုင်စားသုံးမှုတွေ မရှိတာကြောင့် သွေးတိုးရောဂါနဲ့အတူ ကိုလက်စထရော (Cholesterol) မြင့်တက်တာတွေ အဖြစ်များနေတဲ့အကြောင်း မသင်းသီရိက တင်ပြထားပါတယ်။
2016-10-23
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းဖေရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ရေဝေးသုဿန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ဂူသွင်းသဂြိုၤဟ်ခဲ့ပါတယ်။
2016-10-23
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ ကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း စင်တာ ၂ မှာ ကျင်းပခဲ့ပြီး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၅ဝ ကျော် တက်ရောက်ခဲ့ပါတယ်။
2016-10-23
ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းကနေ မုံရွာသွားတဲ့ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ခဲ့မှုဟာ ရေကြောင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ နစ်မြုပ်ရခြင်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဒီကနေ့ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2016-10-21
ချင်းတွင်းမြစ်တွင်း နစ်မြုပ်ခဲ့တဲ့ အောင်စိုး မိုးကျော် ရေယာဉ်ကိစ္စဟာ စည်းမဲ့ကမ်းမဲ့ အထိမ်းအကွပ်မဲ့ ဆောင်ရွက်နေကြတာရဲ့ အကျိုးဆက်ရလဒ်ဖြစ်ပါတယ်။
2016-10-21
စင်္ကာပူနိုင်ငံမှာ အိမ်အကူလိုအပ်ချက် မြင့်မားနေသေးသလို အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်လိုတဲ့ မြန်မာအမျိုးသမီးတွေလည်း အများအပြားရှိနေသေးပါတယ်။ နှစ်ဦးနှစ်ဘက် လိုအပ်ချက်ရှိနေတဲ့ စင်္ကာပူနိုင်ငံရဲ့ အိမ်အကူလုပ်ငန်းအခြေအနေကို မခက်မာက တင်ပြထားပါတယ်။
2016-10-21
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ အခြေအနေတွေ တည်ငြိမ်စပြုနေပြီ ဆိုပေမယ့် ဒေသခံတွေဟာ လုံခြုံရေးအခြေအနေ စိုးရိမ်နေကြဆဲဖြစ်ပြီး စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံနေကြရပါတယ်။
2016-10-20
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်အတွင်း၊ ကနီမြို့နယ် မိချောင်း တွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုး မိုးကျော် ရေယာဉ်ကို ရေငုပ်သမားတွေက ဒီနေ့မှာ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။