သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-20
တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမားတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက် ဒီနေ့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တောင်ကိုရီးယား ဗုဒ္ဓဘာသာအဖွဲ့နဲ့ တွေ့ဆုံပါတယ်။
2018-11-19
ကမ္ဘာအရပ်ရပ်က အီလက်ထရောနစ်နဲ့ တခြား စွန့်ပစ်ပစ္စည်းတွေကို တင်သွင်းပြီး ပြန်သုံးနိုင်အောင် Recycle လို့ ဆိုတဲ့ သုံးပြီးသားပစ္စည်းကနေ ပြန်ထုတ်လုပ်တဲ့စနစ်ကို တရုတ်နိုင်ငံမှာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြီး ပိတ်ပင်လျှော့ချနေပါတယ်။
2018-11-19
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမဝင် မြန်မာအလုပ်သမားတစ်ရာကျော်ကို မလေးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2018-11-19
စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်တွေစခန်းတွေမှာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုစာမှာ ပါရှိတဲ့ အချက်အလက်တွေအတိုင်း အစိုးရက အကောင်အထည် မဖော်နိုင်သေးတဲ့အကြောင်း RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။
2018-11-19
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူဘာသာဝင် ၄ ရာကျော်ဟာ နေရပ်ကို အမြန်ဆုံး ပြန်လာလိုတဲ့အကြောင်း မြန်မာအစိုးရကို ဆက်သွယ်ပြောဆိုလာတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပေးထားတယ်လို့ သိရပါတယ်။
2018-11-16
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဒုက္ခသည်အရေးကို တကမ္ဘာလုံးက ပုံစံပေါင်းစုံနဲ့ ဖိအားပေးခဲ့ကြပြီး သူတို့ကို တကယ်ပြန်ပို့မယ့်နေ့မှာတော့ ဒုက္ခသည်တယောက်မှ ရောက်မလာပါဘူး။
2018-11-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံရဲ့ ပူးတွဲအစီ အစဉ်အရ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံဖို့ မြန်မာဘက်ကစောင့်ဆိုင်းခဲ့ကြပေမယ့် ပြန်မလာကြသလို ဒီကနေ့ထိလည်း ရောက်မလာကြသေးပါဘူး။
2018-11-15
မြန်မာနိုင်ငံကိုပြန်ဖို့ လူစာရင်းပေးပို့ထားသူတွေ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-11-15
ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီကနေ့ ပြန်ပို့ဖို့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အစိုးရက အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ ဘယ်သူမှပြန်မလာ တဲ့အတွက် ပြန်လည်လက်ခံရေးအစီအစဉ် ပျက်သွားခဲ့ပါတယ်။
2018-11-15
စင်ကာပူနိုင်ငံမှာ ၅ ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရီးစဉ်မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေရှိခဲ့ပေမယ့်လည်း နိုင်ငံတကာကို ရှင်းလင်းအသိပေးချင်တဲ့ကိစ္စတွေကို ဆွေးနွေးဖလှယ်နိုင်ခဲ့တဲ့အတွက် အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2018-11-14
အမေရိကန်ဒုသမ္မတ Mike Pence နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စင်္ကာပူနိုင်ငံမှာ ဒီကနေ့တွေ့ဆုံချိန်မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဒုသမ္မတက တင်းတင်းမာမာ ပြောဆိုခဲ့ပါတယ်။
2018-11-14
မြန်မာနိုင်ငံဘက်မှာ အဆင်သင့်မဖြစ်သေးတဲ့အတွက် ပြန်မလာကြဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ တကယ် ပြန်လာပါ့မလားဆိုတဲ့အပေါ် သံသယဖြစ်စရာတွေ ရှိလာပါတယ်။
2018-11-14
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU၊ RCSS/SSA တို့ မကြာခင် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံကြဖို့ အစိုးရဖက်က ကမ်းလှမ်းထားပါတယ်။
2018-11-14
ကချင်အမျိုးသားရေးမူဝါဒဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခြောက်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2018-11-14
မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးမင်းထင်အောင်ဟန်ကို အစည်းအဝေးတစ်ခုမှာ စကားမှားခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။