သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-18
၆၄ နှစ်မြောက် အာဇာနည်နေ့အတွက် RFA က သီးသန့် မေးမြန်းတင်ပြချက် တွေကို စုစည်းထားပါတယ်။
2011-07-07
၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း အာခံ ဆန့်ကျင်တဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။
2011-06-25
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေအကြား ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က အာရှတိုက် ကို ရောက်ရှိနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးဟာ KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ဇွန်လ ၁ဝ ရက်နေ့မှာ သွားရောက် သတင်းရယူခဲ့ပါတယ်။
2011-03-23
ဒီနေ့ မတ်လ ၂၃ ရက်နေ့ဟာ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ပါ။ ဆရာကြီးဟာ ၁၀ နှစ်သားအရွယ် မန္တလေးမြို့မှာ ပညာသင်ကြားနေတုန်း အင်္ဂလိပ်တွေက မြန်မာဘုရင် သီပေါမင်းကို နန်းကချပြီး ခေါ်ဆောင်သွားတာကို ကိုယ်တိုင် တွေ့မြင်လိုက်ရပြီးတဲ့နောက်၊ အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသား လွတ်မြောက်ရေးအတွက် ထိပ်တန်းကနေ ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။