သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင် အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် တရုတ်ကုမ္ပဏီ အများစုပါဝင်တဲ့ CITIC (The CITIC Consortium) အဖွဲ့က တင်ဒါအောင်ခဲ့ပါတယ်။
2015-12-31
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ညက ကျင်းပတဲ့ စာပေဟောပြောပွဲမှာ မင်းကိုနိုင်၊ ညီမင်းညိုနဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တို့က ဟောပြောခဲ့ပါတယ်။
2015-12-31
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ ပတ်သက်ပြီး အမှုကို ပြန်လည်သုံးသပ် စိစစ်ပေးသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2015-12-31
မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို အဆိုးဆုံးခံစားရမယ့် နိုင်ငံတွေစာရင်းထဲမှာ ပါဝင်နေကြောင်း မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံကနေ ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။
2015-12-31
၂ဝ၁၆ နှစ်ဦးမှာ အစိုးရသစ်ဖွဲ့နိုင်တော့မှာဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။
2015-12-29
ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းဒေသမှာ တရားဥပဒေစိုးမိုးရေးမရှိတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို လုံးဝပိတ်သိမ်းဖို့၊ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်သွားဖို့ ပြည်ထောင်စုအစိုးရအဖွ့ဲက စီစဉ်ထားကြောင်း သတ္ထုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ လာရောက် ရှင်းလင်းတင်ပြခဲ့ပါတယ်။
2015-12-29
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေထံ ရောက်ရှိနေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေအကြား အမြင်ကွဲလွဲမှုတွေ ရှိနေပါတယ်။
2015-12-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ဆိုက်ကား ဆရာတွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-27
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ် ချမှတ်ခံရတာကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ်၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ ဒေသ ခံတွေက ဆန္ဒပြကန့်ကွက်တာတွေ၊ သူတို့ ၂ ဦး လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲတွေ ဒီနေ့ ကျင်းပကြပါတယ်။
2015-12-23
နိုင်ငံရေးပင်စင်လို့ခေါ်တဲ့ တလုံးတခဲတည်း ချီးမြင့်ငွေ ကို လွှတ်တော်ကိုယ်စားလှယ်တွေတင်မက ဘဲ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စု အဆင့်ဝန်ကြီးတွေပါ ခံစားခွင့်ရမှာဖြစ်တယ် လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက မနေ့ကကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2015-12-22
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို မနေ့က ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2015-12-22
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ဥပဒေအရ ဆောင်ရွက်ခဲ့တာတွေကို အကြောင်းပြုပြီး အရေယူခြင်းမပြုဖို့နဲ့ သမ္မတဟောင်းအတွက် ကိုယ်ရံတော်တပ်ဖွဲ့ ထားရှိပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အများပြည်သူလေ့လာအကြံပြုနိုင်ဖို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2015-12-22
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချသုံးစွဲမှုတွေ များနေတဲ့အတွက် လူငယ်အဖွဲ့အစည်းတွေက ဒီကနေ့ တောင်ကြီးမြို့မှာ ငြိမ်းချမ်းရေး၊ ပဋိပက္ခနဲ့ မူးယစ်ဆေးဝါးပြဿနာလို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။
2015-12-20
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချ သုံးစွဲမှုတွေ များနေတဲ့အတွက် လူငယ်အဖွဲ့ အစည်းတွေက ဒီကနေ့ တောင်ကြီးမြို့မှာ ငြိမ်းချမ်းရေး၊ ပဋိပက္ခနဲ့ မူးယစ်ဆေးဝါးပြဿနာလို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။
2015-12-19
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင် ရာရွှေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ် အဖြစ် ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ် ကိုင်ကြသူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ လိုအပ်ကြောင်း အလုပ် သမားအရေး ကူညီဆောင်ရွက်နေသူတွေ က ကြေညာချက်တွေ ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။