သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-10
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ဖို့ အစီစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့သလို အမျိုးသားလွှတ်တော် မှာလည်း ဥပဒေကြမ်းကော်မတီက အဲ့ဒီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို မေလ ၆ ရက်နေ့က တင်သွင်းထားပါတယ်။
2016-05-08
ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်းတွေ ပြန်လည် ဖ့ွံဖြိုး တိုးတက်လာဖို့အတွက် ပညာရှင်တွေနဲ့ ဒေသခံ ဆားတောင်သူတွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-05-07
ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာနေပါတယ်။
2016-05-07
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးကို ရန်ကုန်မြို့ ၉ မိုင်က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးမှာ ကျင်းပခဲ့ပါတယ်။
2016-05-06
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗကသ အဖွဲ့က ဘဏ္ဍာရေးကိစ္စ၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ထုညီလာခံ ခေါ်ယူနိုင်ရေးကိစ္စအပြင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ တင်ပြထား တဲ့အကြောင်းတွေကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2016-05-05
မြိုင်ကြီးငူဆရာတော် ဦးသုဇနက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာမှာရှိတဲ့ ခရစ် ယာန်ဘုရားကျောင်းဝင်းအတွင်းနဲ့ ရွှေဂွန်းကျေးရွာက အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေနဲ့ ဗလီလမ်း ကြားမှာ စေတီတွေ တည်လိုက်တာကြောင့် ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့နဲ့ ဘာသာရေးခေါင်းဆောင်တွေက အစိုးရအနေ နဲ့ ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
2016-05-05
ပညာရေးဝန်ကြီးဌာန လက်အောက်မှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ပြောင်းလဲဖွဲ့စည်းခဲ့တာရယ်၊ မွေးခွန်းပေါက်ကြားမှုတွေအပြင် မကွေးတိုင်းအတွင်းက အရည်အသွေးမမှီတဲ့ ကျောင်းဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြပြီး ပညာရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
2016-05-05
ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အရေးပေါ် အစည်းအဝေးခေါ်ယူရေးအတွက် ပါတီ ဗဟိုကော် မတီဝင်တွေ လက်မှတ်ရေးထိုး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ ပါတီကနေ ထုတ်ပယ်ခံထား ရသူတွေက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2016-05-05
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ပြီး AA အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ တပ်မတော်သားကိုယ်စားလှယ်တချို့က ဒီကနေ့ ဆွေးနွေးကြပါတယ်။
2016-05-05
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘောဒူဖ အမှတ် ၂ မွတ်စလင်ဒုက္ခသည်စခန်းမှာ မနေ့က လောင်ကျွမ်းခဲ့တဲ့ မီးလောင်ပြင်နေရာကို ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်က ရှင်းလင်းခဲ့ပါတယ်။
2016-05-04
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ရဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-04
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ပေးရေးနဲ့ AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၆ ဦးက ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-05-04
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက် ဘောဒူဖ မွတ်စလင်ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ အိမ်ထောင်စုပေါင်း ၄၃၀ ကျော် နဲ့ လူပေါင်း ၁၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပါတယ်။
2016-05-03
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန် ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အလုပ်သမားစေ လွှတ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-05-03
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ရက္ခိုင့်တပ်မတော် AA ကို နိုင်ငံရေး ဆွေးနွေးပွဲတွေထံ ဖိတ်ကြား ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင် အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က ဒီနေ့ တင်သွင်းခဲ့ပါတယ်။