သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-10
NLD ပါတီက ဒုသမ္မတလောင်းအမည်စာရင်းတွေကို လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေရဲ့ အမြင်နဲ့သုံးသပ်ချက်တွေကိုတော့ မသင်းသီရိက စုစည်းတင်ဆက်ထားပါတယ်။
2016-03-10
ဒုတိယသမ္မတ အမည်စာရင်းတွေကို မနက်ဖြန် မတ်လ (၁၀) ရက်ကြာသပတေးနေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းကြတော့မှာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တချိုရဲ့ အမြင်နဲ့ သုံးသပ် ချက်တွေကို မသင်းသီရိက စုစည်းတင်ပြထား ပါတယ်။
2016-03-09
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၂၀၁၂ ခုနှစ်ကတည်း က နေထိုင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် စခန်းနဲ့ မူဆလင် ဒုက္ခသည်စခန်းတွေ ရှိနေပါတယ်။
2016-03-09
၁၀၅ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားကို ရန်ကုန်၊ စစ်တွေနဲ့ လားရှိုးမြို့တွေမှာ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
2016-03-09
ဒုတိယသမ္မတလောင်းအမည်စာရင်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေက လာမယ့် မတ်လ ၁၀ ရက်နေ့မှာ အဆိုပြု ရွေးချယ်ပေးကြမှာဖြစ်ပါတယ်။
2016-03-06
သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဆိုင်းငံ့ထားတဲ့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အကြောင်း နောင်တက်မယ့် အစိုးရနဲ့ ပြန် လည်စေ့စပ်ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပြောကြားခဲ့ပါတယ်။
2016-03-05
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လက်ပတ်နီဝတ် အရပ်သားတွေနဲ့ အကြမ်းဖက်လူစုခွဲဖမ်းဆီး ခဲ့တဲ့ ဖြစ်ရပ်ဟာ ဒီကနေ့ဆိုရင် ၁ နှစ်တင်း တင်း ပြည့်မြောက်သွားပြီဖြစ်ပေမယ့် ခုချိန်ထိ ဒီအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးစစ်ဆေးအရေးယူတာတွေ မရှိတဲ့ အပေါ် ဝေဖန်ထောက်ပြချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-03-04
ဒီရက်ပိုင်းအတွင်း ဝေဖန်သံတွေ ကျယ်ကျယ်လောင် ထွက်နေတဲ့ အခြေခံပညာမူလတန်းနဲ့ အလယ်တန်း စာမေးပွဲမေးခွန်းတွေမှာ အသုံးအနှုန်းမှားယွင်းနေ တာ၊ မေးခွန်းပေါက်ကြားတာတွေနဲ့ ပတ်သက် ပြီး ကျောင်းသားမိဘတွေနဲ့ ပညာရေးဝန်ထမ်း တချို့ရဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-03-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ ရခိုင် တိုင်းရင်းသား ဒုက္ခသည်စခန်းကို မကြာခင် လုံးချင်းအိမ်တွေနဲ့ နေရာချထားဖို့ ပြည်နယ်အစိုးရ က ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
2016-03-04
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ လွှတ်တော်ရေးရာ ကော်မတီအသီးသီးကို ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီ ကော်မတီတွေထဲမှာပါဝင်တဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်တချို့ဟာ ကော်မတီတွေမှာ တာဝန်ပေးအပ်ခံရပေမယ့် သူတို့ ကျွမ်းကျင်ရာ စိတ်ပါဝင်စားတဲ့ ရေးရာကော်မတီတွေ မဟုတ်ပဲ အံဝင်ခွင်ကျမဖြစ်တဲ့အတွက် အခက်အခဲ ရှိနေပါတယ်လို့ သိရပါတယ်။
2016-03-04
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ လာမယ့် မတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော်သမ္မတ တာဝန်လွဲှပြောင်းရေး အခမ်းအနားနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းရေးကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-03-04
လာမယ့်သြင်္ကန်ကာလအတွင်း အစိုးရကို ပုတ်ခတ်ဝေဖန်တဲ့ ရေးသားသီဆိုမှုတွေမရှိစေဖို့နဲ့ ရှိခဲ့ရင် ဥပဒေအရအရေးယူမယ်ဆိုတဲ့ ထုတ်ပြန် ချက်နဲ့ပတ်သက်ပြီး သြင်္ကန်သံချပ် အနုပညာရှင်တွေ ရဲ့အမြင်ကို RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြ ထားပါတယ်။
2016-03-03
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ မှာ ကျောက်စိမ်းတူးဖော်ရေးယာဉ်တွေ တရားမဝင် တင်သွင်းမှုရှိတယ်ဆိုပြီး ပြည်ထောင်စုနဲ့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတချို့ကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။
2016-03-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှာ တခြား ဒုက္ခသည်စခန်းတွေလိုပဲ ပြောင်းရွှေ့နေထိုင်ကြရတာ ၄ နှစ်နီးပါးရှိနေပြီဖြစ်တဲ့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းရှိပါတယ်။
2016-03-02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ဝ၁၂ခုနှစ် ဇွန်လ အတွင်း နှစ်ဖက်လူ့အဖွဲ့အစည်းကြား အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့စဉ်က ထောင်နဲ့ချီရှိတဲ့ ရခိုင် တိုင်းရင်းသား မိသားစုတွေလည်း နေအိမ်တွေ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပါတယ်။