သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-31
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရေနံလက်ယက်ရေနံတွင်း လုပ်ငန်းရှင်တွေထံက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကောက်ခံခဲ့တာရှိပြီး ခန့်မှန်းငွေကျပ် ၂.၈ ဘီလီယံခန့်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က ဒီနေ့ကျင်းပတဲ့ လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။
2016-05-31
ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့ချုပ်ဟာ ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းပါတီတွေ တသံတည်းထွက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာလို့ ဦးဆောင်သူတွေကပြောပါတယ်။
2016-05-31
ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည် နယ်တွေမှာ မုန်တိုင်းရန်ကနေ အကာအကွယ်ပေး တဲ့ ဒီရေတောတွေ ပျောက်ကွယ်ကုန်ပြီဖြစ်တဲ့ အတွက် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင် သွင်းခဲ့ပြီး မကြာခင် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးကြမှာဖြစ်ပါတယ်။
2016-05-31
ထုတ်ပယ်ခံရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း ၁၂ ဦးက နိုင်ငံတော် သမ္မတဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနဲ့ ပါတီခေါင်းဆောင်တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိဘူးဆိုပြီး အိတ်ဖွင့် ပေးစာထုတ်ပြန်လိုက်ပါတယ်။
2016-05-30
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (န.က.သ ) ကျောင်းသားတွေနဲ့ ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာဦးစီး ဌာနမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-05-29
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဒုတိယမြောက်နေ့ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။
2016-05-26
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ UPDJC ကို ပြင်ဆင်ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ UPDJC ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ ဘာတွေ ဆွေးနွေးမလဲဆိုတာကို မူဘောင်ရေးဆွဲတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ မနက်ဖြန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။
2016-05-26
ဒီနှစ် ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။
2016-05-25
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျုးကျော်နေထိုင်သူတွေ ပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းသွားမှာဖြစ်ပြီး ဒီနေ့ မေလ ၂၅ ရက်နောက်ပိုင်း နောက်ထပ်တိုးလာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2016-05-25
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်စွမ်း အလွန်နိမ့်ကျနေတဲ့ အခြေအနေကို ပြောင်းလဲနိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ အဓိကကျတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
2016-05-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့အခြေစိုက် ရှင်သန်ရေးကူညီမှုအသင်း ကို မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်သတ်မှတ်လိုက်ကြောင်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-05-25
၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ အစိုးရက ပြင်ဆင်နေပြီး NCA ခေါ်တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့အပြင် အခြားအဖွဲ့တွေပါ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်
2016-05-22
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။
2016-05-22
ရုရှားနိုင်ငံ ဆိုချီမြို့မှာ မြန်မာသမ္မတ ဦးထင်ကျော် အပါအဝင် အာဆီယံ ၁ဝ နိုင်ငံခေါင်းဆောင်တွေ သွားတက်ခဲ့တဲ့ ရှရှား-အာဆီယံထိပ်သီးညီလာခံ အပြီး၊ ရုရှား-မြန်မာ ဆက်ဆံရေး အလားအလာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-05-22
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရဲချုပ် ဦးဇော်ဝင်းတို့က မှုခင်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့ ရဲတပ်ဖွဲ့တွေ လိုက်နာရမယ့် အချက်တွေကို ရှင်းပြခဲ့ပါတယ်။