သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-31
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်တွေမှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ စစ်ဘေးဒုက္ခသည်ပြည်သူတွေကို ပံ့ပိုးကူညီဖို့ စတဲ့ အချက် ၆ ချက် ပါဝင်ပါတယ်။
2017-12-29
မကြာခင် ရက်ပိုင်းတွင်း ကျရောက်တော့မယ့် ၂၀၁၈ နှစ်သစ်အတွက် မြန်မာ့နိုင်ငံရေးလောကမှ ထင်ရှားသူတချိုရဲ့ နှစ်သစ်ဆုတောင်းစကားတွေကို မသင်းသီရိ စုစည်းတင်ဆက်ထားပါတယ်။
2017-12-29
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့တာကို နောက်ထပ် ၂ လ တိုးမြှင့်ခဲ့ပါတယ်။
2017-12-28
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တချို့ရဲ့ ၂၀၁၈ ခုနှစ်အတွက် နှစ်သစ်ကူး ဆုတောင်းစကားတွေကို RFA သတင်းထောက် ဦးအောင်မိုးမြင့်က စုစည်းတင်ပြထားပါတယ်။
2017-12-28
ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ သတင်းသမားတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ဝေဖန်သူတွေရှိသလို သူတို့ကို ဖမ်းဆီးထားတဲ့ ပုဒ်မနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လျက်ရှိပါတယ်။
2017-12-27
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2017-12-27
ပညာရေးဝန်ကြီးဌာန လက်အောက်ခံဝန်ထမ်းတွေကို ပြည်ပပညာတော်သင်၊ သင်တန်းနဲ့ အစည်းအဝေးတွေ ဖိတ်ကြားရာမှာ နံမည်တပ်ဖိတ်တာကို လက်မခံတော့ဘူးလို့ ကန့်သတ်ချက်ထုတ်လိုက်တာဟာ ဒီမိုကရေစီပညာရေးနဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချရေးဆီ ဦးတည်နေချိန်မှာ ခေတ်နောက်ပြန်သွားတာဖြစ်တယ်လို့ ပညာရေးနယ်ပယ်ကလူတွေက ဝေဖန်ထောက်ပြကြပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-12-26
၂၀၁၇ ခုနှစ် ခရစ္စမတ် အခါသမယအတွက် အထူးအစီအစဉ်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် သြဝါဒစကားတွေ ဆုတောင်းစကားတွေနဲ့အတူ မသင်းသီရိက တင်ပြထားပါတယ်။
2017-12-26
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ကျခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ နောက်ဆုံးအယူခံ တင်သွင်းထားတဲ့ကိစ္စကို ကြားနာဖို့ နောက်ထပ်တစ်လ ထပ်မံ ရက်တိုးပေးလိုက်တယ်လို့ သိရပါတယ်။
2017-12-24
မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းထားတာ တစ်နှစ်ကျော်ကြာ မြင့်သွားပြီး ဖြစ်တာကြောင့် အလုပ်သမားပြန်လည်စေ လွှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအဖွဲ့ချုပ် MOEAF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-12-22
မျှော်လင့်ချက်နဲ့ အေးချမ်းမှုရဲ့ နမိတ်ကိုဆောင်တဲ့ ခရစ္စမတ်ကာလမှာ တိုက်ပွဲသံတွေ ပြန်ကြားလာရတဲ့အတွက် တိုက်ပွဲရှိရာနယ်မြေက ပြည်သူတွေဟာ ခရစ္စမတ်ကာလကို စိုးရိမ်မှုတွေနဲ့ဖြတ်သန်းနေရပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-12-21
ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ရပ်တည်ချက်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကောင်စီ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
2017-12-21
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေကို အစိုးရက လက်မခံတော့ဘူးလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
2017-12-21
မြန်မာ့သတင်းမီဒီယာလောက အကြောက်တရားနဲ့ ရှင်သန်လာနေရသလို၊ သတင်းသမားတွေရဲ့ လုံခြုံရေးလည်း စိုးရိမ်လာရတဲ့ အခြေအနေဖြစ်နေပြီ ဆိုတဲ့အသံတွေညံနေပါတယ်။
2017-12-18
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုအပေါ် ဆွဲဆောင်မှုအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်ကောင်းမွန်ဖို့ လိုအပ်တယ်လို့ အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။