သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-31
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လူသားချင်းစာနာမှုအရ ဝင်ရောက်အကာကွယ်ပေးဖို့ တာဝန်ရှိမှု Responsibility to Protect (R2P) ဆိုင်ရာ ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-01-27
သဲတူး သဲစုပ် သဲကျုံးတဲ့လုပ်ငန်းဟာ ပတ်ဝန်း ကျင်ရေးရာ ကမ္ဘာ့ပြဿနာတရပ်ဖြစ်လာတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သဲစုပ်၊ သဲတူး၊ သဲကျုံးနဲ့ မြစ်ကျောက်ထုတ် တာတွေနဲ့ဆိုင်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန် ထားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2018-01-27
အခုလို စာမေးပွဲရာသီကာလမှာ စိတ်ရောလူပါ ပင်ပန်းနေတဲ့ ကျောင်းသားတွေအတွက် အနှောင့်အယှက် အဖြစ်ဆုံးဟာ အသံချဲ့စက်သံတွေဖြစ်တယ်လို့ ကျောင်းသားတွေ မိဘတွေက ပြောပါတယ်။
2018-01-25
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က မွန်ပြည်သစ် ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီ က NCA ကို လက်မှတ်ရေးထိုးမယ်လို့ ကြေညာလိုက်ချိန်မှာ UNFC အဖွဲ့ ဘယ်လိုဆက်ပြီး ရပ်တည်မလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
2018-01-24
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီမူကြမ်းကို လွှတ်တော်ထဲမှာ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။
2018-01-23
မော်ရိုကိုနိုင်ငံဟာ တချိန်တခါကဆိုရင် မြောက် အာဖရိကက ပလတ်စတစ်အိတ်အများဆုံး သုံးတဲ့နိုင်ငံဖြစ်ပြီး အခုဆို ပလတ်စတစ် အမှိုက်ကင်းစင်ရေး ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေ ပါတယ်။
2018-01-22
ကချင်ပြည်နယ် မန်စီမြို့ အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းက တပ်ရင်းမှူး အပါအဝင် အရာရှိနဲ့ တပ်သား ၆ ဦးကို စစ်ဘေးရှောင် ကချင် တိုင်းရင်းသား ၃ ဦးကို သတ်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ ဒါပေမဲ့ တပ်မတော်အနေနဲ့ တရားစီရင်မှုတွေမှာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။
2018-01-21
သူတကာထက် သာလွန်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ လူမှုကွန်ရက်တီထွင်တာဟာ ဆွေမျိုး မိသင်္ဂဟတွေနဲ့ မပြတ်ထိတွေ့ဆက်ဆံနိုင်ဖို့ ရည်ရွယ်ရင်းရှိပေမယ့် တီထွင်သူရဲ့ စေတနာကို မလေးစားဘဲ သတင်း မှားတွေတင်တဲ့အတွက် လူမှုကွန်ရက်တာဝန်ခံ သူတွေဟာ စိစစ်ရတဲ့ အနေအထားကို ရောက်ရှိ သွားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2018-01-20
အခုဆောင်းရာသီမှာ ခိုက်ခိုက်တုန်အောင်အေးနေချိန်မှာ မနှစ်က ၂၀၁၇ ခုနှစ်ဟာ အပူပြင်းဆုံးနှစ်ရယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။
2018-01-20
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီလမှာ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအတွင်း ဆွေးနွေးတော့မယ့် အဆင့်မြင့်ပညာဥပဒေ (မူကြမ်း) မှာ ပညာရေးသုတေသနလုပ်ငန်းတွေကို စီးပွားရေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်အောက်ကို သွင်းထားတဲ့သဘော သက်ရောက်နေတာဟာ အရေးတကြီးဆွေးနွေးရမယ့် အကြောင်းအရာဖြစ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ဦးဆောင်သူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
2018-01-20
မြောက်ဦးအဓိကရုဏ်းမှာ သေဆုံးမှုထိရှိခဲ့တဲ့အထိ ရဲတပ်ဖဲ့ွက ကိုင်တွယ်ဖြေရှင်းခဲ့တာဟာ လူ့အခွင့်ရေးရှုဒေါင့်ကနေကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2018-01-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ညကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နင်းမှုဟာ မဖြစ်သင့်ကြောင်း၊ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းတာကို ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2018-01-20
ရခိုင်ပြည်နယ် မြောက်ဦးအရေးအခင်းမှာ အစိုးရထုတ်ပြန်တဲ့သတင်းနဲ့ ဒဏ်ရာရသူတွေရဲ့ပြောပြချက် ကွဲလွဲနေတာတွေ့ရပါတယ်။
2018-01-18
မြန်မာနိုင်ငံက ကြောက်ခမန်းလိလိပြုန်းသွားတဲ့ ဒီရေတောပြန်လည်ပြုစုပျိုးထောင်ဖို့ သမားရိုးကျ နည်းနဲ့ မရနိုင်တော့ဘဲ ခေတ်မီတဲ့နည်းကို သုံးရပါတယ်။ ဒီအတွက် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုနဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် BioCarbon Engineering ဟာ ဧရာဝတီတိုင်းမှာ ဒရုန်းမောင်းသူမဲ့ လေယာဉ်နဲ့ ဒီရေတောပြုစုပျိုးထောင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-01-18
ရခိုင်ပြည်နယ် မြောက်ဦးက ပြဿနာအပေါ် အစိုးရနဲ့ ပြည်ထဲရေးရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေဟာ အမျိူးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။