သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-30
မြန်မာတွေအသိနည်းသေးတဲ့ dive site ဆိုတဲ့ ရေအောက်ပန်းခြံကို မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးသူတဦးရဲ့ မျက်မြင်ကိုယ်တွေ့နဲ့ ငပလီကမ်းခြေကို ပြည်တွင်းခရီးသွားတွေ အရောက်များလာတာနဲ့ အမျှ အမှိုက်သရိုက် ပိုများလာတဲ့အကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေအားလုံးကို ဖိတ်ခေါ်ဖို့ဆန္ဒရှိ ကြပေမယ့် လုံခြုံရေးပြဿနာတွေကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေ ညီလာခံကို ကိုယ်တိုင်တက်ရောက်လို့ မရနိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။
2018-04-27
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုင်ငံတကာနဲ့ အခြေအနေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အကျိုးရှိမယ့် ခရီးစဉ်တစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
2018-04-26
နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်စာရင်းမှာ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ဟာ မနှစ်ကထက် ပိုပြီးကျဆင်းသွား ခဲ့တာ တွေ့ရပါတယ်။
2018-04-25
(၅) ရက်နီးပါးခန့်ရှိနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံမီးကြောင့် လှိုင်သာယာအပါဝင် အနီးဝင်းကျင်က မြို့နယ်တွေမှာ မီးခိုးငွေ့တွေနဲ့ ဆိုးဝါးတဲ့ ညှော်နဲ့တွေကြောင့် ကျန်းမာရေး ထိခိုက်လာနေတဲ့အထိ ကြုံနေကြရပါတယ်။
2018-04-25
ရခိုင်ပြည်နယ်အတွင်းက NVC နိုင်ငံသားစိစစ်ရေး သက်သေခံကတ် ကိုင်ဆောင်ထားသူတွေကို နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2018-04-24
သားယောကျ်ားလေးပဲလိုလားတာမို့ မြန်မာ့ အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားဦးရေ များပြီး ဇနီး ရှာရခက်တာတွေဟာ မြန်မာအမျိုးသမီး တွေကို ဂယက်လာရိုက်ခတ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-24
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်လို့ ဘယ်သူကိုမှ ကာကွယ်မနေဘဲ အမှန်တရားကို အခြေခံဆုံးဖြတ်ဖို့ လိုအပ်နေပြီး၊ ဒါမှသာ မြန်မာနိုင်ငံ တရားစီရင်ရေး ဂုဏ်သိက္ခာရှိမှာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
2018-04-23
၁၉၅၀ ပြည့်နှစ်ကစလို့ တွင်တွင်ကျယ်ကျယ်သုံးလာပြီး တော်တော်နဲ့ ဆွေးမြေ့မသွားဘဲ ပင်လယ်သမုဒ္ဒရာတွေမှာ အမှိုက်ပုံသွားဖြစ်တဲ့ ပလတ်စတစ်တွေ သုံးနေတာလျှော့ချတဲ့နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။
2018-04-21
ဧပြီလ ၂၂ ရက်ဟာ နိုင်ငံတကာ မိခင်မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝတယ် ဆိုတဲ့ မြန်မာနိုင်ငံဟာ တကယ်တမ်းတော့ သယံဇာတကျိန်စာသင့်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
2018-04-21
မြန်မာနိုင်ငံရဲ့ Facebook လူမှုကွန်ရက်မှာ အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို နိုင်နိုင် နင်းနင်း ကိုင်တွယ်ထိန်းချုပ်ဖို့ အရှိန်မြှင့်အားထုတ်ဆောင်ရွက်ပါမယ်လို့ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zukerberg က အမေရိကန်လွှတ်တော်မှာ ပြောဆိုသလို သူ့ဆီအိပ်ဖွင့်ပေးစာပို့ခဲ့တဲ့ မြန်မာလူမှုအဖွဲ့အစည်း ၆ ခုဆီ ကိုယ်တိုင်စာပြန်ပြောကြားခဲ့ပါတယ်။
2018-04-21
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က အမှန်တရားကို ထုတ်ဖော်ပြောလိုက်တဲ့အပေါ် တန်ဖိုးထား လေးစားအသိအမှတ်ပြုတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
2018-04-19
ရခိုင်မှာ NVC (National Verification Card) သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတွေကို တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီး လွတ်လပ်စွာ သွားလာခွင့်ပေးလိုက်ပြီလို့ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2018-04-18
ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် အကြမ်းဖက် မှုတွေကို မဟာဗျူဟာချ ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂက နာမည်ပျက် စာရင်းထဲမှာ ထည့်သွင်းလိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကုလသမဂ္ဂရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ သံသယရှိ စရာဖြစ်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူတွေက ထောက်ပြနေကြပါတယ်။
2018-04-18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံကို ၂ ၇က်ကြာခရီးစဉ်အဖြစ် မနက်ဖြန်သွားရောက်မှာ ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ် ပြဿနာကြောင့် ဥရောပနဲ့ အနောက်နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးးလာတဲ့အချိန် အရှေတောင်အာရှနိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုပြီးရရှိဖို့အတွှွက် ဒီခရီးစဉ်အတွင်း ဗီယက်နမ်အစိုးရနဲ့ စီးပွားရေးကဏ္ဍကို အလေးထားဆွေးနွေးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။