သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-31
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေဟာ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြပြီး သဘောတူညီချက် အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြ ဖို့ နိုင်ငံတော်သမ္မတရုံးက မေလ ၂၉ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-05-31
ကျောင်းတွေမှာလုပ်တဲ့ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ခွင့်မပြုရဘူးဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ ပညာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
2018-05-30
ရခိုင်ပြည်နယ်မှာ ဘာသာရေးအရ အနည်းစုဖြစ်တဲ့ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ယုံကြည်ရပြီး တိုးတက်မှု သိပ်ပြီးမမြင်တွေ့ရပါဘူးလို့ အမေရိကန်အစိုးရ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အထူးသံအမတ်ကြီး Sam Brownback ဆမ် ဘရောင်းဘက်က အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-05-29
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်း ဒေသကို ဗဟိုပြုနေပြီး အနီရောင် အရေးပေါ် အခြေအနေ အဆင့်သတ်မှတ်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲ မုန်တိုင်းဖြတ်နိုင်တဲ့ မြို့နယ်တွေမှာ အခုညနေပိုင်း ရာသီဥတုအခြေအနေနဲ့ ဒေသခံတွေ မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်နေကြပါသလဲ။
2018-05-24
မြန်မာနိုင်ငံမှာ ဒုစရိုက် ကျူးလွန်တာနဲ့အတူ ရာဇဝတ်မှုတွေ ပိုမြင့်တက်လာနေပါတယ်။
2018-05-23
ARSA ခေါ် ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ရဲ့ အကြမ်းဖက် လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေအတွက် အထောက်အကူဖြစ်ခဲ့တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက မြင်ပါတယ်။
2018-05-22
မြန်မာနိုင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဟာ ပိုပြီးကျဆင်းလာနေတယ်လို့ သတင်း လွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူတွေက သုံးသပ်ကြပါတယ်။
2018-05-22
ပြည်တွင်းစစ်ကြောင့် ဆင်းရဲမွဲတေနေရတဲ့ မြန်မာနိုင်ငံမှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် တရားစွဲခံရ၊ ထောင်ချခံရတာဟာ ဖြစ်သင့်လားဆိုတာ ဝေဖန်ထောက်ပြနေကြပါတယ်။
2018-05-22
ဂျပန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ ဖမ်းဆီးရမိတဲ့ Methamphetamine စိတ်ကြွဆေးပြားတွေ ထုတ်လုပ်တဲ့နေရာကို ခြေရာခံတဲ့အခါ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လမ်းဆုံးတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးက ပြောပါတယ်။
2018-05-21
စိုက်ပျိုးမြေတိုးချဲ့တာတွေ ပိုးသတ်ဆေး သုံးတာတွေနဲ့ ရာသီဥတုပြောင်းလဲတာတွေကြောင့် ပျားနဲ့ တခြား ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်တွေ အန္တရာယ်ကျရောက်နေပါတယ်။
2018-05-18
မွန်ပြည်နယ်မှာ အရပ်ဖက်လူ့မှုအဖွဲ့အစည်းတွေ အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်ယူရမယ်လို့ အမိန့်စာထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ကြောင်းပြန်သလိုဖြစ်နေတယ်ဆိုတဲ့ အမြင်တွေရှိသလို ပြည်သူတင်တဲ့ အစိုးရက အာဏာရှင်စနစ်ကို ကျင့်သုံးနေသလားဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2018-05-16
တိုင်းရင်းသားဒေသတချို့မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတ အနေနဲ့ ဆွေးနွေးတောင်းဆိုသင့်တယ်ဆိုတဲ့ အမြင်တွေရှိသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာလည်း အားနည်းတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။
2018-05-16
စစ်ပွဲတွေရပ်ဖို့တောင်းဆိုတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် လူငယ်အများစုအပါအဝင် တရားစွဲခံနေရ တဲ့သူ ရန်ကုန်နဲ့ မန္တလေးမှာ ၄၂ ယောက်ရှိပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ စနေနေ့က လှုပ်ရှားမှုကြောင့် ၁၇ ယောက်တရားစွဲခံရပြီး၊ တနင်္ဂနွေက ကဗျာရွတ်ပွဲ မှာလည်း ၄ ယောက်ထက်မနည်း တရားစွဲခံရပါတယ်။
2018-05-15
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အပေါ် လူ့အခွင့်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
2018-05-14
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ရှုပ်ထွေးလာနေတဲ့ သဘောမျိူးတွေရပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့အပေါ် မေးခွန်းထုတ်စရာတွေလည်း ရှိလာနေတယ်ဆိုတဲ့အမြင်နဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်၊ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ချက်တချို့ကို မသင်းသီရိ တင်ပြထားပါတယ်။