သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-30
အသက် ၁၂ နှစ်အောက် မုဒိမ်းးမှုကျူးလွန်တာကို သက်ငယ်မုဒိမ်းမှုအဖြစ် သတ်မှတ်ပြီး ကျူးလွန်သူတွေကို ထောင်ဒဏ် တသက်တကျွန်းချမှတ်ဖို့ အမျိုးသားလွှွတ်တော်က အတည်ပြုလိုက်ပါတယ်။
2018-11-30
မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားနှုန်းကျဆင်းလာတာတွေ့ရပေမယ့် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ ရောဂါသည် များပြားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
2018-11-30
နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာမောင်အောင်ပွင့်ဟာ နိုဝင်ဘာလ ၃ဝ ရက်နေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။
2018-11-30
အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ပေးထားတဲ့ ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးဥပဒေအကျိုးဆောင် အဖွဲ့က… မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တွေ တွေ့ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
2018-11-29
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်တိုင်ကြားမှု ၊ လုပ်ငန်းတွေမပြီးပြတ်မှု… စတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသတွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ပြည်နယ်အစိုးရက နာမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
2018-11-29
တစ်လင်တစ်မယားမနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သင့်တော်တဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မနေ့က မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး ဈာပန အခမ်းအနားမှာ ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားခဲ့ပါတယ်။
2018-11-29
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာရဲ့ဖိအားတွေ ဆက်တိုက်ကြုံလာရတဲ့အခါ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ သာမကပဲ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရပါ မှီခိုမှုတွေ ရှိလာပါတယ်။
2018-11-29
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာဖိအားတွေ ဆက်တိုက် ကြုံလာရတဲ့အခါ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာသာမက နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရပါ မှီခိုမှုတွေ ရှိလာပါတယ်။
2018-11-28
ကချင်ပြည်နယ်က IDP စစ်ရှောင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။
2018-11-27
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအုပ်ချုပ်မှုကို ပြောင်းလဲခဲ့ပေမဲ့ အရင်စစ်အစိုးရလက်ထက်တုန်းကလို ဖိနှိပ်မှုပုံစံတွေကို ပြန်လှည့်နေတယ်လို့ နိုင်ငံတကာ အရပ်ဖက်အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က သတိပေးလိုက်ပါတယ်။
2018-11-27
ပုဂ္ဂလိကလုပ်ငန်းရှင်တွေလက်ထဲ လွှဲပြောင်းလိုက်တဲ့ နိုင်ငံပိုင်စက်ရုံတွေမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ရတဲ့ ဝန်ထမ်းတွေ နောက်ဆက်တွဲကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ဦးဆောင်ပြီး ရန်ကုန်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2018-11-26
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာမတော်မတရား ပြုကျင့်ခံနေရပြီး ရဲရဲဝံ့ဝံ့တိုင်ကြားရဲတာတောင် ရဲက အရေးမယူရင် ပြစ်မှုကျူးလွန်သူက ပြစ်ဒဏ်ကလွတ်မြောက်နေပါတယ်။
2018-11-26
မြန်မာနိုင်ငံမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှု အားနည်းတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။
2018-11-26
အမျိုးသမီးနဲ့ အမျိုးသားကွာချက်တွေရှိနေတဲ့ကြား မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်တဲ့ အမျိုးသားစာပေဆုတွေထဲ အမျိုးသားတွေသာ အရများတဲ့ ကဗျာဆုကို အင်းဝသို့ ရင်ခုန်ခြင်း ကဗျာစာအုပ်နဲ့ ကဗျာဆရာမ မနီတာက ဆွတ်ခူးရရှိသွားပါတယ်။
2018-11-24
မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်က သတင်းဖြန့်ဝေမှုနဲ့ ပင်မသတင်းမီဒီယာဖြစ်တဲ့ သတင်းစာ၊ ရေဒီယိုတွေက သတင်းဖြန့်ချီမှုတွေ အားပြိုင်နေကြတဲ့ အခြေအနေ၊ ဆိုရှယ်မီဒီယာနဲ့ ပင်မသတင်းမီဒီယာတို့ရဲ့ ကွာခြားချက်တွေ အကြောင်း သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။