သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-13
ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပင်လုံစာချုပ်ရဲ့ အနှစ်အရသာ အပြည့်ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ရေး အလားအလာနဲ့ ပတ်သက်လို့ တိုင်းရင်းသား ခေါင်းဆောင်တချိုရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2018-02-12
ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတဲ့အတွက် စားနပ်ရိက္ခာဖူလုံနိုင်ဖို့ အမျိုးမျိုးကြံဆတဲ့အခါ ကုလသမဂ္ဂက Climate-smart agriculture – CSA ဆိုတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေလိုက်လုပ်တဲ့ စိုက်ပျိုးရေးကို ဖော်ဆောင်ပါတယ်။
2018-02-10
ဆောင်းတွင်းကာလ စာမေးပွဲရာသီမှာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေက ကျောင်းသူ ကျောင်းသားတွေကတော့ တခြား စိတ်ဖိစီး၊ စိုးရိမ်စရာတွေနဲ့အတူ စာမေးပွဲအတွက် အာရုံစိုက်နေရပါတယ်။
2018-02-09
ဦးကိုနီကို သတ်ခဲ့တဲ့ တရားခံများကို ဖေဖော်ဝါရီလ ၂ ရက်နေ့ရုံးချိန်မှာ လာရောက်ဝန်းရံသူ ၄ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါပြီ၊ သူတို့ဟာတရားရုံးကို သာမန်လာရောက်ခဲ့ကြတာမဟုတ်ဘဲ မင်းတို့ ထမင်းဝအောင်စားထား ဆိုတဲ့ လက်ညိုးထိုးနေတဲ့ ပုံပါတီရှပ်တွေကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်။
2018-02-07
ကမ္ဘာ့လူဦးရေရဲ့ ၆၂ ရာခိုင်နှုန်းကျော် နှစ်စဉ်ကျင်းပပြီး ချစ်သူများနေ့ လို့ခေါ်ကြတဲ့ Valentine’s Day ဟာ နောက်တပတ်ထဲမှာ ကျရောက်တော့မှာဖြစ်ပါတယ်။
2018-02-05
မြန်မာနိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေ များလာနေပြီး ပြည်သူလူထုရဲ့ ဘဝလုံခြုံမှု ပိုအားနည်းလာနေတယ် လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-02-05
ပလတ်စတစ် ကို တီထွင်ခဲ့တဲ့ စိတ်ကူးဟာ မူလက ဆင်တွေကို မသတ်ချင်လို့ ဆင်စွယ်နဲ့လုပ်တဲ့ ဘီလိယက် ဘောလုံး နေရာ အစားထိုးဖို့ ဆိုတဲ့ သဘာဝကို ထိန်းသိမ်းချင်တဲ့ စိတ်ကူးကောင်းဖြစ်ပေမဲ့၊ လက်တွေ့မှာ လွဲချော်သွားခဲ့ပါတယ်။ အခုဆိုရင် ပလတ်စတစ်အမှိုက် ကင်းစင်ဖို့ ကမ္ဘာက ကြံဆနေရပါပြီ။
2018-02-02
ဒီလပိုင်းနှစ်ပိုင်းတွေအတွင်း အနောက်ကမ္ဘာမှာ အသံကျယ်ကျယ်လောင်လောင်ထွက်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုဆိုတာဟာ ဘယ်လိုကျူးလွန်မှုမျိုးတွေလဲ၊ ဘယ်လိုတိုင်ကြား အရေးယူနိုင်သလဲဆိုတာ သိအောင် မြန်မာနိုင်ငံထဲ မှာ လက်ရှိပြောဆိုနေတာတွေထက်ပိုပြီး ပညာပေးဖို့လိုအပ်နေပြီလို့ ဥပဒေပညာရှင်တွေ၊ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
2018-02-02
ကာတွန်းတွေဟာ နိုင်ငံတကာမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေကို ထောက်ပြနေသလို၊ မြန်မာနိုင်ငံမှာလည်း ကာတွန်းတွေ စတင်ပြီးပေါ်ခဲ့တဲ့ ၁၉၁၅ ခုနှစ်ကနေ အခုချိန်ထိ ထောက်ပြနေပါတယ်။
2018-02-01
ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဓါတ်ဆီပုလင်းနဲ့ မီးရှို့ပစ်ပေါက်မှု ဖြစ်ပွား ခဲ့ပါတယ်။ ထိခိုက်ပျက်ဆီးမှု မရှိဘူးဆိုပေမယ့် ဒီအခြေအနေဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံသား အားလုံးရဲ့ လုံခြုံရေး သတိထားဖို့ လိုနေပြီလို့ သုံးသပ်ကြပါတယ်။