သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-26
လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ တိုင်းအစိုးရအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကြောင့် တိုင်းဒေသကြီးတော်တော်များများက လူမှုအဖွဲ့တချို့ ပရဟိတလုပ်ငန်းတွေ ရပ်နားထားရပါတယ်။
2018-06-25
မြန်မာနိုင်ငံမှာ မိုးတွင်းဆို ရေကြီး၊ နွေရာသီ ဆို ရေရှားတဲ့ဒုက္ခ နှစ်စဉ်လိုလိုကြုံနေရပါတယ်။ မိုးရေဟာရေချိုဖြစ်တာမို့ ကမ္ဘာမှာတနေ့တခြား ရှားပါးလာတဲ့ ရေချိုတွေ အလဟဿ ဆုံးရှူံးရတာလည်းဖြစ်ပါတယ်။
2018-06-21
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်က လူပေါင်း ၆၈ သန်းခွဲကျော်ဟာ သူတို့ရဲ့အိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်အဖြစ်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
2018-06-21
လာမယ့်ရက်ပိုင်းတွင်း ကျင်းပတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမှာ ဘယ်လိုအရေးကြီးတဲ့ ဆွေးနွေးချက်တွေ ရှိနိူင်ပါသလဲ။
2018-06-21
ဇူလိုင်လဆန်းမှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ လိုလားတဲ့ ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အစိုးရနဲ့ တပ်မတော်က အတည်ပြုလိုတဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးမှာ မဟုတ်သေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောကြပါတယ်။
2018-06-20
ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် အဆင့် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေ ကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။
2018-06-19
အခုအခါ အချိန်စက္ကန့် နှစ်စက္ကန့်တိုင်း ကမ္ဘာပေါ်က လူတစ်ဦးကျ အိုးအိမ်စွန့်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ထုတ်ပြန်ပါတယ်။
2018-06-19
မြန်မာတစ်နိုင်ငံလုံးမှာ ၆ လ အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ဆေးရုံတက်ရသူ အရေအတွက်ဟာ သုံးထောင်ကျော်ရှိပြီး ၂၃ ဦး သေဆုံးခဲ့ပါတယ်။
2018-06-19
ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂီးနာ ဟာ ဒီနေ့ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
2018-06-18
မွန်ပြည်နယ်မှာ မနေ့ညကစတင်ပြီး မိုးကြီးခဲ့တာကြောင့် မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ် အပါအဝင် မြို့ ၆ မြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး မြွေကိုက်ခံရကာ သေဆုံးခဲ့ပါတယ်။ လတ်တလောမှာ ကယ်ဆယ်ရေးစခန်းတွေ ယာယီဖွင့်လှစ်ပြီး လူဦးရေ နှစ်ထောင်ကျော် ရွှေ့ပြောင်းနေရပါတယ်။
2018-06-18
ကဗျာတွေတေးတွေ လှလှပပဖွဲ့ဆိုလေ့ရှိခဲ့တဲ့ မိုးဥတုရောက်တိုင်း နိုင်ငံတလွှား ရေဘေးသင့် ရတာဟာ သစ်တောပြုန်းတီးတဲ့အတွက်လို့ ပညာရှင်တွေက ထောက်ပြလေ့ရှိပါတယ်။
2018-06-15
အရင်က ကမ္ဘာမှာ ဆန်တင်ပို့မှုအများဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုအခါ ပဉ္စမနေရာကိုရောက် ရှိနေပြီ ဖြစ်ပါတယ်။ တောင်သူလယ်သမားအများစု ရှိတဲ့ မြန်မာနိုင်ငံရဲ့ ဆန်အထွက်တိုးတက်လာဖို့ မျိုးကောင်း မျိုးသန့်နဲ့ နည်းပညာတွေရရှိဖို့ လိုအပ်နေပါတယ်။
2018-06-13
မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လတ်တလော ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လူတွေပြောင်းရွှေ့ရတာ၊ စိုက်ခင်းတွေ ထဲ ရေဝင်တာအပြင် လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
2018-06-13
စင်္ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တို့ရဲ့ တွေ့ဆုံပွဲဟာ ကမ္ဘာ့ထိပ်တန်း သတင်းဖြစ်ပြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့ဦးတည်နေပြီလို့ အကောင်းမြင် သုံးသပ်သူတွေရှိနေပေမဲ့ သတိထားစောင့်ကြည့်နေ သူလည်း အများအပြားရှိနေပါတယ်။
2018-06-12
မုတ်သုန်ရာသီရောက်လို့ မိုးဖြိုင်ဖြိုင်ရွာလိုက်ရင် နိုင်ငံတဝန်း ရေကြီးရေလျှံပြီး လူတွေ ရေဘေး သင့်ရပါတယ်။