သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-31
တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံထဲဝင်ပြီး တရားမဝင် လုပ်ကိုင်နေကြတဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေဟာ ကာလရှည်ကြာလာတာနဲ့အမျှ ရေမြေပတ်ဝန်းကျင်ကို အများကြီး ထိခိုက်လာနိုင်တာကြောင့် တရုတ်ပြည်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ဒီငှက်ပျောစိုက်ခင်းတွေကို ပိတ်ပင်ထားပြီ ဖြစ်ပါတယ်။
2019-05-31
ရခိုင်ပြည်နယ်မှာ စစ်တိုင်းမှူးအပြောင်းအလဲလုပ်ပြီးတဲ့နောက် တိုက်ပွဲတွေပိုများလာတယ်လို့ သိရပါတယ်။
2019-05-31
5G နည်းပညာအသုံးပြုပြီး တရုတ်အစိုးရကို သတင်းအချက်အလက်တွေ ပေးပို့နေခဲ့တယ်ဆိုပြီး တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ HUAWEI ကုမ္ပဏီကို အမေရိကန်နိုင်ငံအပါအဝင် အနောက်ဥပရောပနိုင်ငံတွေက ပိတ်ပင်ဒဏ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။
2019-05-30
မြန်မာ့တပ်မတော်ဟာ ကမ္ဘာ့ခေတ်အမီဆုံး ထိပ်တန်းဂျက်တိုက်လေယာဉ် ဆယ်စင်း စာရင်းမှာပါတဲ့ JF-17 ဂျက်တိုက်လေယာဉ်နဲ့ တခြားခေတ်မီပစ္စည်းတွေ ရှိနေတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့ ပြောကြားပါတယ်။
2019-05-30
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ ထွက်ပြေးနေတာမဟုတ်ဘဲ ရန်ကုန်မှာပဲ ရှိနေတယ်လို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်တွေက မိန့်ပါတယ်။
2019-05-29
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုပြီး တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
2019-05-29
မြန်မာ့တပ်မတော်နဲ့ AA နှစ်ဖွဲ့လုံးက ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေအတွက် နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကိုတင်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် တိုင်းရင်းသားပါတီတွေရဲ့အမြင်ကို တင်ပြထားပါတယ်။
2019-05-28
အင်းလေးကန်ထိန်းသိမ်းရေးအတွက် နှစ်ပေါင်းများစွာ ကော်မတီတွေ ဖွဲ့စည်းခဲ့ကြပေမယ့် အခုထိ သိသာတဲ့ အပြောင်းအလဲမတွေ့ရသေးဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
2019-05-28
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်လူသတ်မှုနဲ့ ၂ဝ၁၈၊ မတ်လက ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ခုနှစ်ဦး ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွားတဲ့အပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားဝင်ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
2019-05-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာတွေအသတ်ခံရတာနဲ့ ပတ်သက်ပြီး နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ တပ်မတော်အရာရှိတွေကို၊ ပြစ်ဒဏ်မပြည့်ခင် လွှတ်ပေးလိုက်တဲ့လုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်က စစ်သားတွေအနေနဲ့ နောက်ထပ်ရာဇဝတ်မှုတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ရသွားနိုင်တယ်လို့ ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့တွေက ထောက်ပြပါတယ်။
2019-05-27
မြန်မာ့တပ်မတော်ရဲ့ စစ်ပွဲအသုံးစရိတ်တွေကို သတင်းထုတ်ပြန်ပေးဖို့မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-05-27
အင်းဒင်ရွာလူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ တပ်မတော်သား ၇ ဦးကို တစ်နှစ်မပြည့်ခင်မှာ ပြစ်ဒဏ်ကလွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေကို ပြသလိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။
2019-05-27
ပြည်ပရန်ကာကွယ်ဖို့ ဆိုရင် ဥပမာ- AA ရက္ခိုင့်တပ်တော်ကို တိုင်းပြည်အတွက် ဘယ်လိုအသွင်မျိုး ပုံစံပြောင်း အသုံးပြုမလဲဆိုတာ စဉ်းစားဖို့ လိုတဲ့အကြောင်း AA ပြောခွင့်ရသူက ပြောပါတယ်။
2019-05-26
မွတ်စလင်ဘာသာဝင်တွေ ဝါတွင်းကာလမှာ စိတ်အေးချမ်းသာ ဝတ်ပြုနိုင်စေဖို့နဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ ဗုဒ္ဓဘာသာတွေရဲ့ မေတ္တာတရားနဲ့ စာနာမှုကိုပြသတဲ့ နှင်းဆီဖြူပန်းလေးတွေ ဝေငှတဲ့ လှုပ်ရှားမှုဟာ အခုဆိုရင် မြို့ကြီး အတော်များများ အထိ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ မေတ္တာတရားကို ဖော်ဆောင်တဲ့ နှင်းဆီဖြူတွေ ပေးသူနဲ့ လက်ခံရရှိသူ နှစ်ဘက်စလုံးက ဒီလှုပ်ရှားမှုကြောင့် နားလည် စာနာမှုတွေ ပိုထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
2019-05-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းရွာအနီးမှာ မေလ ၂၃ ရက်နေ့က တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မေလ ၂၃ ရက်နေ့က တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။