သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-07
ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေကို နောက်ထပ် နှစ်ပတ် ပိတ်ထားရမှာဖြစ်လို့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဝင်ငွေနည်းအလုပ်သမားတွေက ပြောပါတယ်။ အစိုးရအနေနဲ့ ကပ်ဘေးကာလ ကန့်သတ်တားမြစ်မိန့်တွေ ထုတ်ပြန်ပြီးရင် အခြေခံပြည်သူတွေအတွက် နောက်ဆက်တွဲ အစီအစဉ်တွေ တစ်ပါတည်း ဆောင်ရွက်ပေးဖို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက တိုက်တွန်းနေကြပါတယ်။
2020-10-06
အများသဘောနဲ့ ရွေးကောက်တင်မြောက်မှု ဖြစ်စေဖို့ အထွေထွေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲပေးသူ အနည်းဆုံးရာခိုင်နှုန်း ဘယ်လောက်ရှိရမယ်ဆိုတဲ့ စံနှုန်းတစ်ခု သတ်မှတ်ပြီး ရွေးကောက်ပွဲ အထမြောက်၊ မမြောက် ဆုံးဖြတ်သင့်တယ် လို့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ကြသူတွေနဲ့ လေ့လာသူတွေက အကြံပြု ကြပါတယ်။
2020-10-04
ကပ်ဘေးကာလအတွင်း လပေါင်းအတန်ကြာ စားဝတ်နေရေး ခက်ခဲနေကြချိန် အစိုးရက ကူညီထောက်ပံ့တာကို ရရှိမယ့်သူတွေထဲမှာ သတင်းသမားတွေလည်း ပါဝင်လာပါပြီ။
2020-10-03
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ အခု ရက်ပိုင်းတွေမှာ ထည့်နေကြပါပြီ။ ကိုးရီးယား၊ စင်ကာပူ နိုင်ငံတွေက မဲပေးမှု အခြေအနေတွေနဲ့ ထိုင်းနိုင်ငံမှာတွေက မဲပေးမှုတွေမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း တင်ပြထားပါတယ်။
2020-10-03
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်လောင်းတွေဟာ နိုင်ငံရေးပါတီ အသီးသီးရဲ့ ကျောထောက်နောက်ခံပြုမှု၊ ကူညီထောက်ပံ့မှုရရှိကြပါတယ်။ တစ်သီး ပုဂ္ဂလအမတ်လောင်းတွေကတော့ ဒီလိုကူညီမှုမရနိုင်ဘဲ ကိုယ်တိုင် ရုန်းကန်ကြရမှာပါ။ ဒါပေမဲ့ မွန်ပြည်နယ်က မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ရေးမြို့နယ်မှာတော့ တစ်သီးပုဂ္ဂလ အမတ်လောင်း လေးဦး ရှိနေပါတယ်။
2020-10-02
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ရရှိတော့မယ်လို့ ကမ္ဘာ့ဆေး ကုမ္ပဏီတွေက ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကလည်း မြန်မာပြည်သူတွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ထိုးနှံဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။
2020-10-02
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာတဲ့ နေရပ်ပြန်လာသူတွေဆီကနေ အစပြုတာ ဖြစ်နိုင်ခြေများကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက RFA ကိုပြောပါတယ်။
2020-10-02
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်များပြားလာတာဟာ သတိနဲ့ နေထိုင်ကြဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်တယ်လို့ လေ့လာသူအများအပြားက ထောက်ပြနေကြပါတယ်။ တချို့ကလည်း စီမံခန့်ခွဲသူရဲ့ ခေါင်းဆောင်မှုကလည်း အရေးကြီးတယ်လို့ ဝေဖန်ပါတယ်။
2020-10-02
ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နဲ့ ပြိုင်ဘက်ပါတီ ကိုယ်စားလှယ် လောင်းတွေဟာ၊ နည်းလမ်းအမျိုးမျိုးနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေပါတယ်။
2020-10-01
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂညီလာခံမှာ စက်တင်ဘာ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
2020-10-01
ရခိုင်ပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်ကြောင်း ပြသခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖမ်းဆီးခံရတာ ၁၅ ယောက် ရှိပြီဖြစ်ပြီး၊ နောက်ထပ် ၁၅ ယောက်ကျော် တိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။
2020-10-01
တရုတ်အစိုးရဟာ မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံမှာ လူမှောင်ခိုကူးခံနေရတဲ့ ဖြစ်စဉ်တွေကို ကိုင်တွယ်အရေးယူမှု အားနည်းနေချိန်မှာပဲ လူမှောင်ခိုကူးမှုကို အားပေးရာရောက်တဲ့ ဝါဒဖြန့်ရုပ်သံကို အစိုးရပိုင် ဆင်ဟွာသတင်းဌာနကနေ ထုတ်လွှင့်လာတာ တွေ့ရတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
2020-10-01
ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် ၇၀၀၀၀ ကျော် နေထိုင်တဲ့ ရန်ကုန်တိုင်းဟာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးသစ်ကို လာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ရတော့မှာပါ။