သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-02
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော်ရှိသွားပါပြီ။ မတ်လအတွင်း ကျောက်တော်၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေက ဒုက္ခသည်တွေ အများဆုံး တိုးလာတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ပြောပါတယ်။
2020-04-02
ပြည်ပကနေပြန်လာပြီး နေအိမ်မှာစောင့်ကြည့်ခံရသူတွေကို ခွဲခြားဆက်ဆံ တာတွေဟာ ရောဂါကာကွယ်ရာ မရောက်ဘဲ ပိုပြီးနှံ့မယ့် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် အိမ်တွေမှာထားတဲ့ စောင့်ကြည့်လူနာတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ ကျန်းမာရေးဌာနကနေ ပြောထားပါတယ်။
2020-04-01
လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကြောင့် အသေအပျောက် အများဆုံး ဖြစ်နေတဲ့ အီတလီ နိုင်ငံမှာ နိုင်ငံမြောက်ပိုင်းက လွမ်ဘာဒီ ပြည်နယ်ဟာ အခြား ပြည်နယ်တွေထက် သေဆုံးသူ အရေအတွက် သိသိသာသာ မြင့်မားနေပါတယ်။
2020-04-01
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာ့တစ်ဝန်း စိုးရိမ်ထိတ်လန့်နေရချိန်မှာ မြန်မာပြည်တွင်းမှာတော့ သတင်းသမားတွေ ဖမ်းဆီးခံရတာနဲ့ နေအိမ်တွေ၊ ရုံးခန်းတွေမှာ ဝင်ရောက်ရှာဖွေခံနေရပါတယ်။