သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-30
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက် တနေ့တခြားတိုးလာနေပါတယ်။ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေကို မခံမရပ်နိုင်တဲ့ ပြည်သူတွေဘက်က အာဏာသိမ်းစစ်ကောင်စီရဲ့ မိသားစုဝင်တွေ၊ ဆက်နွယ် ပံ့ပိုးနေသူတွေကို လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုတခု အရှိန်အဟုန်နဲ့ ထွက်ပေါ်လာပါတယ်။
2021-03-29
ပြီးခဲ့တဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံ ၈ နိုင်ငံက စစ်ဘက်အရာရှိတွေတက်ရောက်ခဲ့ပါတယ်။ တနေ့ တည်းမှာပဲ အဲဒီ အခမ်းအနားကို တက်ရောက်ခြင်းမရှိတဲ့ အမေရိကန်အပါအဝင် နိုင်ငံ ၁၂ ခုရဲ့ ကာကွယ်ရေးဦးစီးချုပ် တွေက ကြေညာချက်ထုတ်ပြန်ပြီး မြန်မာ့တပ်မတော်ကို ရှုတ်ချခဲ့ပါတယ်။
2021-03-24
မတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခြေခံပညာသင်ကျောင်းတွေမှာ တနှစ်ကို ၂ တန်းပြီးစီးအောင် သင်ကြားဖို့စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုသင်ကြားမယ်ဆိုရင် တန်ဖိုးရှိတဲ့ပညာတွေ တတ်ကျွမ်းမှာ မဟုတ်သလို မြန်မာပြည်က ဘွဲ့ရလူငယ်တွေကို နိုင်ငံတကာ တက္ကသိုလ်တွေက လက်ခံတော့မှာ မဟုတ်ဖူးလို့ ပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
2021-03-23
အမျိုးသားရေးဝါဒီ အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းပြီး ရေငုပ်သင်္ဘောတောင် မနှစ်က ပေးအပ်ခဲ့ပါတယ်။ မ-ဘ-သ တွေထောက်ခံတဲ့ စစ်တပ် အာဏာသိမ်းတာကို အိန္ဒိယက ပြင်းပြင်းထန်ထန် မရှုတ်ချရတဲ့ ဖြစ်နိုင်ဖွယ်ရာ အကြောင်းအချက်တွေကို တင်ပြထားပါတယ်။
2021-03-23
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီရက်ပိုင်းတွေအတွင်း ရပ်ကွက်၊ လမ်းတွေထဲအလိုက် သေနတ်တွေနဲ့ နေ့စဉ် ပစ်ခတ်သတ်ဖြတ်နေတာကြောင့် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အခြေချပြီးအလုပ် လုပ်ကိုင်နေကြသူတွေဟာ အခုရက်ပိုင်းတွေမှာ နယ်ဒေသတွေကို အလုံးအရင်းနဲ့ ပြန်နေကြပါတယ်။
2021-03-19
နာမည်ကျော် MUP မွန်ညီညွတ်ရေးပါတီခေါင်းဆောင် နှစ်ဦးက လက်ရှိအာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် မွန်တိုင်းရင်းသားတွေအတွင်း ဝေဖန် မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေပါတယ်။
2021-03-19
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့မှဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်လိုက်ကြောင်း မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် လမ်းစဖြစ်လာတယ်လို့ ရှုမြင်သူတွေရှိသလို တိုင်းရင်းသားတချို့ကတော့ CRPH အနေနဲ့ ဘယ်လောက်တာဝန်ခံမှုရှိမလဲလို့ သိချင်နေကြပါတယ်။
2021-03-17
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ လုယက်ဖျက်ဆီးမှုတွေကို ကာကွယ်ပေးဖို့၊ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ကို ထည့်သွင်းစဉ်းစားဖို့၊ ကိုးကွယ်သည့်ဘာသာနဲ့ ယဉ်ကျေးမှုဂုဏ်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့နဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
2021-03-17
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံးနှိမ်နှင်းနေတဲ့ အခြေအနေတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေး လုပ်ပြီး နှိမ်နှင်းခဲ့သလို ပြင်းထန် လုပ်ရပ်ဖြစ်တယ်လို့ ပြည်ပက လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။
2021-03-16
မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ခြောက်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ပြီး မြို့နယ်တွေ တစ်ခုပြီး တစ်ခုတိုးပြီး မာရှယ်လော သတ်မှတ်လာနေတာပါ။ လေ့လာသူတချို့ကတော့ စစ်အုပ်ချုပ်ရေး ကြေညာတာဟာ တရုတ်က ဖိအားပေးတာ ကြောင့်လို့ ပြောကြပါတယ်။
2021-03-15
စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မပေါက်ကွဲသေးတဲ့ မိုင်းနဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေရဲ့ အန္တရာယ် အသိပညာပေးမှုတွေနဲ့ ရှင်းလင်းတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ် နေတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
2021-03-13
ဒီရက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆောင်ရွက်ကြရာမှာ ညပိုင်း လုပ်တဲ့ သပိတ်တွေကို ပိုပြီး အရှိန်မြှင့်လာပါတယ်။ သပိတ်ပုံစံကို ဘာကြောင့် ညဘက်ကို ပြောင်းလဲလိုက်တာလဲ။ ညသပိတ်တွေကို ဘယ်လောက်အထိ ဆက်လုပ်သွားမှာပါလဲ။
2021-03-11
အာဏာသိမ်း စစ်ကောင်စီက လော်ဘီအဖြစ် ဌားရမ်းထားတဲ့ အစ္စရေးသူလျှို လုပ်ဖူးသူရဲ့ သမိုင်းကြောင်း တစေ့တစောင်းနဲ့ သူ့အမှုသည် တဦးဟာ ရာဇဝတ်မှု ကျူးလွန်သူဖြစ်တဲ့အကြောင်း တင်ပြထားပါတယ်။
2021-03-10
စစ်အုပ်ချုပ်မှုအောက် နေလာခဲ့ရပြီး ဒီမိုကရေစီ အရိပ်အယောင်လေး ခဏမြင်ရတဲ့ မြန်မာနိုင်ငံ စစ်အာဏာ တကျော့ပြန် သိမ်းခံရရုံမက အကြမ်းဖက်မှုပါ ကြုံရတဲ့ အတွက် မုသားနဲ့ အကြမ်းဖက်မှု ဒွန်တွဲနေတဲ့အကြောင်း တင်ပြထားပါတယ်။
2021-03-09
စစ်အာဏာသိမ်းလည်းသိမ်း၊ သိမ်းတာကို မကျေနပ်လို့ ကန့်ကွက်ဆန္ဒပြသူတွေကို လူပါသေတဲ့အထိပစ်ခတ်နှိမ်နင်း၊ အရပ်ထဲလည်း လှည့်လည်ပစ်ခတ်၊ ဖမ်းဆီးသွားတဲ့လူတွေကိုလည်း နှိပ်စက်ညှင်းပန်းလို့ သေတဲ့လူသေရတာမို့ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းကြီးတွေ ဖိအားအကြီးအကျယ်အပေးခံရပါတယ်။