ဖုယွင်အလုပ်သမားသပိတ်စခန်း ဖြိုခွဲခံရတဲ့အပေါ် သုံးသပ်ချက်များ

2018-10-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေကြတာ ၂ လ နီးပါးရှိပြီဖြစ်တဲ့ အလုပ်သမားတွေကို လက်ရှိစက်ရုံမှာ အလုပ်ဆင်းနေဆဲဖြစ်တဲ့ အလုပ်သမားတချို့နဲ့ အမည်မသိလူတစ်စု ပူးပေါင်းပြီး ဒီနေ့မနက်က ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် ဆန္ဒပြအလုပ်သမား ၃၃ ယောက် စံပြဆေးရုံကို ပို့လိုက်ရပါတယ်။

အဲဒီအလုပ်သမားတွေကို ဆေးရုံမှာစောင့်ရှောက်ပေးနေတဲ့ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လွှတ်တော်အလုပ်သမားရေးရာ ကော်မတီတွေရဲ့ ပြောဆိုချက်တွေကို RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့