ရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ပါတီများပြော

အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။

2010.11.19



နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။


အလားတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဝံသာနု NLD နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ကလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သူတို့၏ပါတီများ တွေ့ကြုံခဲ့သည့် ရွေးကောက်ပွဲ မသမာမှုများကို ထုတ်ဖော် ပြောဆိုသွားခဲ့ကြပါသည်။

ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း ၄၉ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး၊ ၃ နေရာ အနိုင်ရခဲ့သည်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-21 16:33

sfsfs