မြ၀တီမြို့ တိုက်ပွဲကြောင့် မြန်မာ နှစ်သောင်း ထိုင်းဖက် ပြေးရ

မြဝတီမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့ က စစ်အစိုးရနဲ့ ဒီကေဘီအေတိုက်ပွဲကြောင့် မြန်မာနိုင်ငံသား နှစ်သောင်းခန့် မဲဆောက်မြို့ကို ထွက်ပြေးခဲ့ကြပါတယ်။


ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့ ကစပြီး စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် မြန်မာနိုင်ငံသား နှစ်သောင်းခန့် ဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး မဲဆောက်မြို့ကို ထွက်ပြေး ရောက်ရှိ သွားကြပါတယ်။ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အပါအ၀င် အဲဒီ မြန်မာနိုင်ငံသား နည်းလမ်းမျိုးစုံ ထွက်ပြေးကြရပုံ တစိတ်တဒေသကို ကြည့်ရှုနိုင်ပါတယ်။