ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP)

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့အပေါ် ပြန်သုံးသပ်ပြီး အင်အားပိုကောင်းအောင် စုစည်းခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်က ၃၃ နေရာရှိတဲ့အထဲက နေရာ ၃၀ မှာပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်က ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးဖြစ်ပါတယ်။ လက်ရှိဥက္ကဋ္ဌက ဦးဖိုးရယ် ဖြစ်ပါတယ်။