တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)

ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်း ဦးဆောင်တည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ၁၉၈၈ ခုနှစ်- ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ လူထုက လက်မခံတော့ဘဲ ဆန့်ကျင်ခဲ့ကြတဲ့အတွက်၊ စစ်တပ်က အာဏာထပ်သိမ်းပြီး ပါတီစုံစနစ်နဲ့ပြောင်းလဲမယ်လို့ ကြေညာလိုက်ပြီးနောက် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ အမည်နဲ့ အသွင်ပြောင်း တည်ထောင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ မှာတော့ နိုင်ငံတဝှမ်း (၁၀) နေရာ အနိုင်ရပြီး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ (၁၇) နေရာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ (၁၇) နေရာ အနိုင်ရခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲမှာ (၁) နေရာ အနိုင်ရထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တစ်နိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။


ပါတီဥက္ကဋ္ဌ - ဦးသန်းတင်

အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဉီး ဖြစ်ပြီး၊ ၁၉၇၀ ပြည့်လွန်ကာလ မဆလ တစ်ပါတီအာဏာရှင်ခေတ်မှာ ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ မဆလ ပါတီကို တညစ ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ချိန်မှာ ဦးသန်းတင်ဟာ ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ ပါတီဥက္ကဋ္ဌဦးထွန်းရီ ကွယ်လွန်သွားတဲ့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။