စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲ
စစ်ကောင်စီကိုတွန်းလှန်ပြီး ပြည်နယ်သစ်တည်ထောင်ဖို့ ကရင်နီတော်လှန်ရေးတပ်တွေ ကြိုးပမ်းနေကြပါတယ်။

၂၀၂၅ ဖေဖော်ဝါရီ ၂၆
လေးနှစ်ကြာလာပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ဘယ်လို ဖြတ်သန်းနေကြတယ်ဆိုတာကို သိရဖို့ ပြီးခဲ့တဲ့ မိုးရာသီကုန်လွန်ကာစမှာ RFA အဖွဲ့သားတွေ မြန်မာနိုင်ငံအရှေ့ပိုင်းကို ရက်သတ္တသုံးပတ်ကြာ သွားရောက်ခဲ့ပါတယ်။ မြို့ကြီးပြကြီးကလာပြီး တောတောင်တွေထဲမှာ ရုန်းကန်ဖြတ်သန်းနေကြတဲ့ ဆရာဝန်တွေ သူနာပြုတွေ၊ ရှိသမျှ လူသူလက်နက်အင်အားနဲ့ ရဲတပ်ဖွဲ့တည်ထောင်ဖို့ ကြိုးပမ်းနေကြတဲ့ လူငယ်လူရွယ်တွေနဲ့ RFA က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
လက်နက်ခဲယမ်းမလုံလောက်ပေမဲ့ စစ်ကောင်စီတပ်တွေကို အောင်အောင်မြင်မြင် တားဆီးထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ယာယီဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို အဆင်ပြေအသားကျအောင် နေထိုင်နေကြတဲ့ အရပ်သားဒုက္ခသည်တွေကိုလည်း တွေ့ခဲ့ရပါတယ်။
သူတို့အားလုံးရဲ့ နာကျင်ခံစားမှုတွေနဲ့အတူ ခံနိုင်ရည်ရှိမှု၊ စိတ်ပိုင်းဖြတ်မှု၊ ဘာဖြစ်လာဦးမလဲဆိုတဲ့ မသေချာမရေရာမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။ တပ်ဖွဲ့ဝင်တစ်ဦးကတော့ “ကျွန်တော်တို့က မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါမှာ ဘာတွေဖြစ်ပါလို့ ပြောလို့မရဘူး။ တစ်နေ့စာ နေထိုင်သွားရုံပဲ” လို့ ပြောပါတယ်။
ပထမပိုင်း - ကရင်နီတော်လှန်ရေးနယ်မြေက နေ့စဉ်ဘဝ
ကရင်နီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ရေး ကြိုးပမ်းမှုအကြောင်း အပိုင်းသုံးပိုင်းပါ RFA ဓာတ်ပုံဆောင်းပါး- ဆက်လက်ဖတ်ရှုရန်

ဒုတိယပိုင်း - ပြည်တွင်းစစ်ကြားက ပေါက်ဖွားလာတဲ့ ကရင်နီပြည်ရဲဌာန
လူထုဝန်ဆောင်မှုတွေ ပြန်လည်တည်ဆောက်ရေးဟာ ကရင်နီပြည်ရဲတပ်ဖွဲ့ရဲ့ အောင်မြင်မှုအပေါ် မူတည်နေပါတယ်။ ဆက်လက်ဖတ်ရှုရန်

တတိယပိုင်း - ကယားပြည်နယ်ထဲက တောတွင်းလျှို့ဝှက်ဆေးရုံ
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆေးထိုးအပ်နဲ့ ခွဲစိတ်ဓား ကိုင်ဆောင်တဲ့ လူငယ်ဆရာဝန်တွေလည်း ပါဝင်နေပါတယ်။ ဆက်လက်ဖတ်ရှုရန်

မာလတီမီဒီယာ - အခက်အခဲကြားက ထုသားပေသားရလာတဲ့ ကြံ့ခိုင်မှု
ပြည်တွင်းစစ်လေးနှစ်တာကာလအတွင်း တောတောင်တွေထဲမှာ ရုန်းကန်ရှင်သန်ဖြတ်သန်းနေသူတွေကို RFA က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုရန်
