pdf_001.jpg

ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်များကို ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် တွေ့ရစဉ်။


အနာဂတ်အတွက် လက်နက်စွဲကိုင်သူများ


စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ခဲ့ပြီးနောက် လူငယ်တွေဟာ စစ်အာဏာရှင် ဆန့်ကျင်‌ရေးအတွက် လက်နက်ကိုင်တော်လှန်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့စည်းလိုက်ပြီးနောက် လူငယ်အများအပြား စစ်သင်တန်းတက်ရောက်ဖို့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိသွားကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီအစိုးရအုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ လူထုက ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီက လက်နက်အင်အားသုံးပြီး အကြမ်းဖက် ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ "နောက်စေ့နဲ့နောက်ကျောကို ဖောက်မယ့်အန္တရာယ် ရှိနေတယ် ဆိုတာ" သတိထားကြဖို့ MRTV ရုပ်မြင်သံကြားကနေ ခြိမ်းခြောက်ထုတ်လွှင့်ခဲ့ပါတယ်။

၂၀၂၁ မေလ ၅ ရက်နေ့မှာ "ပြည်သူ့ကာကွယ်ရေးတပ်" People Defence Force ဖွဲ့စည်းလိုက်ကြောင်း NUG အစိုးရက ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ရပ်တန့်ရေး၊ အနှစ် ၇ဝ ကျော်ကြာ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေး အမြုတေအဖြစ် ဖွဲ့စည်းလိုက်တာလို့ NUG ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီနောက်မှာ နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်သူတွေ PDF တပ်ထဲ ဝင်ရောက်ခဲ့ကြပါတယ်။ ပြည်နယ်တချို့မှာ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။

pdf_002.jpg

တပ်စခန်းသစ်တစ်ခုကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတဲ့ PDF အဖွဲ့ဝင်များ။

pdf_003.jpg

သေနတ် ကိုင်တွယ်ထိန်းသိမ်းပုံ လေ့လာနေတဲ့ PDF အဖွဲ့ဝင်တချို့။

pdf_004.jpg

သေနတ်ပစ် လေ့ကျင့်နေတဲ့ PDF အဖွဲ့ဝင်တစ်ဦး။

မေလ ၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာလိုက်ပါတယ်။

PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုသတင်းတွေ ဆက်တိုက်ကြားသိနေရပြီး၊ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၂၀ ကျော်ကို PDF က သတ်ဖြတ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

pdf_005.jpg

အဖော်ဖြစ်သူကို လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပေးနေတဲ့ PDF အဖွဲ့ဝင်တစ်ဦး။

pdf_006.jpg

ထိုင်း-မြန်မာနယ်စပ် တောတွင်းတစ်နေရာမှာ တွေ့ရတဲ့ PDF အဖွဲ့ဝင်တချို့။

pdf_007.jpg

တောတွင်းချီတက်လေ့ကျင့်မှုအတွင်း ခေတ္တအနားယူနေတဲ့ PDF အဖွဲ့ဝင်များ။

pdf_008.jpg

ထိုင်း-မြန်မာနယ်စပ် တောတွင်းတစ်နေရာမှာ ချီတက်နေစဉ် တွေ့ရတဲ့ PDF အဖွဲ့ဝင်များ။

pdf_009.jpg

တောတွင်းချီတက်လေ့ကျင့်မှုအတွင်း ခေတ္တအနားယူနေတဲ့ PDF အဖွဲ့ဝင်များ။

စက်တင်ဘာ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတဝန်း ခုခံတော်လှန်ရေးတိုက်ပွဲ စတင်ကြောင်း NUG အစိုးရက ကြေညာလိုက်ပါတယ်။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ မိုင်တဲလ်ကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်တွေကို PDF အဖွဲ့က ဖျက်ဆီးလိုက်ကြပါတယ်။

pdf_010.jpg

ခေတ္တအနားယူချိန်မှာ နေ့စဉ်မှတ်တမ်းရေးနေတဲ့ PDF အဖွဲ့ဝင် လူငယ်တစ်ဦး။

pdf_011.jpg

ဆံပင်ညှပ်ဆိုင်အလှမ်းဝေးတဲ့ တောထဲတောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ဆံပင်ညှပ်ပေးနေတဲ့ PDF အဖွဲ့ဝင်များ။

pdf_012.jpg

အားလပ်ချိန်မှာ တယောနဲ့ Ukulele ဂစ်တာ တီးပြီး ဖျော်ဖြေနေတဲ့ PDF အဖွဲ့ဝင်နှစ်ဦး။

pdf_013.jpg

ယာယီတဲလေးမှာ တွေ့ရတဲ့ PDF အဖွဲ့ဝင်များ။



Photos: Myanmar Pressphoto Agency (MPA)
-------------
Editing: H. Léo Kim, Paul Nelson
-------------
Web page : Minh-Ha Le
-------------
Reported and produced by Radio Free Asia
-------------
© 2021 RFA All Rights Reserved.
-------------
Facebook - Youtube - Twitter