သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-20
မြန်မာနိုင်ငံအနေနဲ့ မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်တာတွေကို ကိုင်တွယ်အရေးယူ ရမှာဖြစ်ပြီး၊ ဘာသာရေး အကြမ်းဖက်တာတွေအပေါ် လက်ပိုက်ကြည့်နေတတ်တဲ့ အစဉ်အလာကိုလည်း တိုက်ဖျက်ရမှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ ကြီးမားတဲ့ ကပ်ဘေးအဆင့် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖွယ် ရှိကြောင်း အမေရိကန် အခြေစိုက် PHR ခေါ် လူ့အခွင့်အရေး အဖွဲ့က သတိပေးလိုက်ပါတယ်။
2013-08-20
အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုးကာရံနေတဲ့ကိစ္စမှာ မဏိပူရ်ပြည်နယ်ရဲ့ မြေပိုင်နက်တချို့ ဆုံးရှုံးသွားမှာဖြစ်လို့ ဆိုင်းငံ့ထားသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေ က ပြောလိုက်ပါတယ်။
2013-08-20
အနာဂတ်မှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ မဖြစ်ရအောင် ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေး တွေ့ဆုံပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် နွယ်နီ ၁၃ လမ်းမှာရှိတဲ့ ဗေသလ ကရင်နှစ်ခြင်း အသင်းတော်မှာ ဒီနေ့ကျင်းပပြုလုပ်ပါတယ်။
2013-08-20
ပဲခူးတိုင်း အနောက်ပိုင်း နတ်တလင်းမြို့မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ တောင်သူတွေကို အကူအညီပေးတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် ၃ ဦးကို အခါခါ ရုံးချိန်းပေးခဲ့ပြီးနောက် ဒီနေ့မှာတော့ နတ်တလင်းမြို့နယ် တရားရုံးက အသင်းအဖွဲ့ ဥပဒေ ပုဒ်မ(၆) နဲ့ စွဲချက်တင်လိုက်ပါတယ်။
2013-08-20
၂ဝ၁၂ ခုနစ်မှာ ရေးဆွဲပြဌာန်းခဲ့တဲ့ မြေယာ ဥပဒေတွေနဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေတွေကို တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားနဲ့အညီ ပြန်လည်ရေးဆွဲဖို့နဲ့ လယ်ယာမြေ အငြင်းပွားမှု ပြသနာတွေကို အမြန်ဆုံး ဖြေရှင်းပေး ဖို့ တောင်သူလယ်သမား အစည်းအဝေးကနေ ဒီနေ့ တောင်း ဆိုလိုက်ပါတယ်။
2013-08-20
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာ တစ်နိုင်ငံလုံး ကောက်ခံမယ့် သန်းခေါင် စာရင်း စီမံချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းက မွတ်စလင် ကျေးရွာပေါင်း ၄ဝ ကျော်မှာ 'ကောက်ကွက်' ဆိုတဲ့ စီမံချက်အမည်နဲ့ မနေ့က စတင်ပြီး သန်းခေါင်စာရင်း ကောက်ယူနေပါတယ်။
2013-08-20
နိုင်ငံရေးပါတီတွေအနေနဲ့ အဆင့်မြှင့်ဖို့လိုအပ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် စဉ်းစားတတ်ဖို့ လိုအပ်ကြောင်း၊ စေတနာတစ်ခုတည်းနဲ့ နိုင်ငံ အတွက် လုပ်လို့မရသလို နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် အရည်အချင်းတွေရှိလာအောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2013-08-20
အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ရှိနေတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့မှာရှိတဲ့ ဝိုင်အမ်စီအေ အသင်းအဆောက်အအုံမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2013-08-20
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းထိုင် ဆရာတော်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဘိဓမ္မာ ပိဋကတ်တော်တွေကို သင်ကြားပေးနေတဲ့ မြန်မာ ဆရာတော် ဘဒ္ဒန ္တကောဏ္ဍညကို ခန့်အပ်တင်မြောက်ပွဲကို အဲဒီကျောင်းမှာပဲ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။
2013-08-20
နေပြည်တော်၊ ပျဉ်းမနားမြို့ သကြားစက်ရုံအမှတ် (၂) နဲ့ (၃) က စက်ရုံအလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ရန်ကုန်မြို့ ၈၈ မျိုးဆက်အဖွဲ့ရုံးမှာ သြဂုတ်လ ၁၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-08-20
မန္တလေး တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပသလို အောက်မြန်မာပြည် သထုံမြို့မှာလည်း အောက်တောင်ပြုန်းပွဲတော်ကို ကျင်းပနေပါတယ်။RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-20
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ စစ်ကိုင်းတောင်ရိုး၊ ဗုဒ္ဓဘာသာ ပညာရေးစင်တာရဲ့ နာယကဆရာတော် အရှင်သုန္ဒရကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-20
မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်ပြီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူတွေကို တင်ပြဖို့အတွက် လယ်သမား ညီလာခံတစ်ခုကို ရန်ကုန်မြို့က ၈၈ မျိုးဆက်အဖွဲ့ရုံးမှာ ဒီကနေ့စပြီး ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-08-19
ထိုင်းနိုင်ငံ စမုတ်ဆခွန်ခရိုင်က အာဆီယံ ပညာရေးဌာနတွေမှာ မြန်မာဘာသာစကား သင်ယူသူ ထိုင်းလူမျိုးအရေအတွက် တိုးပွားများပြားလာနေတယ်လို့ The Nation သတင်းစာ ကဖော်ပြပါတယ်။
2013-08-19
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဈေးကွက်မှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ အဓိက ပင်မအရင်းအမြစ်နိုင်ငံတွေ ဖြစ်တယ်လို့ နိုင်ငံတကာဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ပြော ပါတယ်။