သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-11-13
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံနဲ့ လယ်မရွာဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၉ ရက်နေ့စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နိုဝင်ဘာလ ၁၂ နေ့မှာလည်း လေကြောင်းနဲ့ပါ တိုက်ခိုက်လာတာကြောင့် လူနှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပွင့်ဖြူဒေသခံတွေက ပြောပါတယ်။
2024-11-12
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က လမ်းသွားလမ်းလာ လူငယ် အမျိုးသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတက်ဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-12
"အမေရိကန် အကျိုးစီးပွားသာ ပထမ"လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲမှာအနိုင်ရလာတဲ့ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ မြန်မာ့အရေးသိပ်အာရုံစိုက်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်ချက်တွေလည်းရှိနေပါတယ်။
2024-11-12
ရခိုင်ပြည်နယ်ကို AA ကသာ အလုံးစုံထိန်းချုပ်လိုက်နိုင်ရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဟာ ပိုပြီးနီးစပ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရိုဟင်ဂျာဒုက္ခသည်တချို့ဆီကနေ ကြားရပါတယ်။
2024-11-12
စိတ်ဝင်စားသူတွေကို အလုပ်အင်တာဗျူးဖြေရမယ်လို့ အကြောင်းပြပြီး ဒူဘိုင်းကို ခေါ်သွားပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်လိုက်တယ်လို့လည်း ဖော်ပြပါတယ်။
2024-11-12
ပြည်ထဲရေးဝန်ကြီးက ရဲတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်ထောင်ကို လွှဲပြောင်းပေးနိုင်ဖို့ နည်းလမ်းရှာဖွေပေးမယ့်အကြောင်း တုံ့ပြန့်ခဲ့တယ်လို့ ဆိုပါတယ်။
2024-11-12
မလေးရှားကို သွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို ထပ်မံစုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
2024-11-12
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စကို NUG က စစ်ကောင်စီနဲ့အပြိုင် ဆောင်ရွက်ပေးနေပါတယ်။
2024-11-12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ ကို နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-12
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိက ဆက်သွယ်ထားတဲ့ ရပ်စောက် (ဗထူး) - ကျောက်ဂူလမ်းပိုင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-12
မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီဖြစ်တဲ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသေးတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လမ်းဖွင့်ထားတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
2024-11-12
အင်းလေးက ၁၇၁ ရွာ ရေကြီးနစ်မြုပ်ခဲ့တဲ့အထဲမှာ အင်းမရွာက ပျက်စီးနေတဲ့ နေအိမ်ပေါင်း ၁၆၃ လုံးထဲက ရေဘေးသင့်အိမ် အလုံးတစ်ရာကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။
2024-11-12
နမ္မတူမြို့မှာTNLA က ဖမ်းဆီးထားတဲ့ NLD ရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းလှိုင်ဟာ လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-11-12
AA နဲ့ PDF တို့ ဧရာ၀တီတိုင်းထဲကို ဝင်မလာနိုင်အောင် ကျုံပျော်၊ မြန်အောင်နဲ့ ရေကြည်မြို့နယ်အတွင်းမှာရှိတဲ့ ရခိုင်ရိုးမအစပ်က ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ လုပ်လာပါတယ်။
2024-11-12
တနင်္သာရီတိုင်း မြိတ်မြို့မှာ ဝမ်းရောဂါကူးစက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိနေပြီး လူသုံးဆယ်ကျော် ဆေးကုသမှု ခံယူနေရပါတယ်။