သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-06
နိုင်ငံသားတွေပြန်ခေါ်နိုင်ဖို့ ကြားက တစ်ဆင့်ပြန်ပို့ပေးမယ့် ထိုင်းအာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
2025-03-06
ကွတ်ခိုင်မြို့နယ်၊ နမ်လိမ်းချောင်းမှာ တရုတ်နိုင်ငံသားတွေနဲ့ MNDAA တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို ဒေသခံတွေက မတ် ၅ ရက်နေ့ သွားရောက်ကန့်ကွက်ပြီးနောက် ပစ်ခတ်ခံရလို့ ခြောက်ဦး သေဆုံးသွားတယ်လို့ မုံးစီးဒေသခံတွေက RFA ကို ပြောပါတယ်။
2025-03-06
မြဝတီမြို့နယ်က တရုတ်လုပ်ငန်းရှင်တွေနဲ့လည်ပတ်တဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၄၅၆ ဦးကို ဒုတိယအသုတ်အနေနဲ့ ထိုင်းအာဏာပိုင်ဘက်ကို ပြန်လွှဲပြောင်းပေးတယ်လို့ BGF သတင်းပြန်ကြားရေးတာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
2025-03-06
ရန်ကုန်မြို့က အသက် ၆၉ နှစ်အရွယ် ဆိပ်ကမ်းလုပ်သား ဦးဘုန်းမြင့်ဟာ အသက်အရွယ်ကြောင့် အရင်လို အပြည့်အဝ အလုပ်မလုပ်နိုင်တော့ပေမဲ့ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် မိသားစုရပ်တည်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။
2025-03-06
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့ BWU က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2025-03-06
တရုတ်စီမံကိန်းတွေရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓည၀တီရေတပ်ဌာနချုပ်ရဲ့ ကာကင်းစခန်းတချို့ကို မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ AA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2025-03-06
မြို့ကြီးတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးရန် ကင်းဝေးပေမဲ့ အိမ်ငှားခဈေးကြီးတာ၊ မိသားစု ရပ်တည်နိုင်ဖို့ ဝင်ငွေရနိုင်မဲ့ အလုပ်အကိုင် ခက်ခဲတာ စတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2025-03-06
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို ဈေးလာဝယ်တဲ့ ကလေးမြို့နယ်တောင်ပိုင်းက အရပ်သား သုံးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လေးရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2025-03-06
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံကို မတ်လ ၇ ရက်နေ့မှာ အလည်အပတ်ရောက်ရှိမှာဖြစ်ကြောင်း ဘီလာရုစ်အစိုးရပိုင်သတင်းဌာန BelTA က ဖော်ပြပါတယ်။
2025-03-06
ရုရှား-မြန်မာ မဟာမိတ် ဆက်ဆံရေးဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားကောင်းစေရုံသာမက ဒေသတွင်းလုံခြုံရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ APHR ကထုတ်ပြန်ပါတယ်။
2025-03-06
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့နေပြီး အရပ်သား ငါးဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
2025-03-06
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ တော်လှန်ရေးအင်အားစုတွေအကြား ဘုံညီညွတ်ရေးတည်ဆောက်ဖို့လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက မတ် ၄ ရက်က ပြုလုပ်တဲ့ NUG အစည်းအဝေးမှာ ပြောပါတယ်။
2025-03-06
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကိုရောက်နေချိန် မြန်မာအလုပ်သမား ၂၄ ဦးကို ရုရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပထမဆုံးအကြိမ် စေလွှတ်လိုက်ပြီလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2025-03-05
ကော့ကရိတ်မြို့နယ်မှာ စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို မတ် ၆ ရက်မှာ ပြောပါတယ်။
2025-03-05
အဲဒီလိုလျှော့ချမှာဖြစ်တဲ့အတွက် အလွန်စိုးရိမ်ပူပန်ကြောင်း မြန်မာရိုဟင်ဂျာအသင်း (ယူကေ) BROUK က မတ်လ ၅ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။