သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-05
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ သံတမန်ရေးအရရော စီးပွားရေးအရပါ စစ်ကောင်စီအတွက် အကျိုးရှိစေတယ်လို့ လေ့လာသုံးသပ်သူ ဒေါက်တာ ဟန်တာ မာစတင်က သုံးသပ်ပါတယ်။
2025-03-05
ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ အလုံ စတဲ့မြို့နယ်တွေမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်တယ်လို့ ပြောပါတယ်။
2025-03-05
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် နှစ်ပတ်တစ်ကြိမ် တင်ဆက်နေတဲ့ အစီအစဥ်ဖြစ်ပါတယ်။
2025-03-05
စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးအရ သွားလာခွင့် ပိတ်ပင်ထားတာဖြစ်ကြောင်း ကိုဗညားက RFA ကို ပြောပါတယ်။
2025-03-05
ဒီစက်ရုံဟာ ၁၀၀ မဂ္ဂါဝပ် စွမ်းအင် ထုတ်မှာဖြစ်ပြီး နောက်ပိုင်းမှာ သုံးဆလောက် ထပ်မံတိုးမြှင့်နိုင်ချေရှိတယ်လို့ The Economic Times က မတ်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။
2025-03-05
အီသီယိုးပီးယား၊ ကင်ညာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နီပေါ၊ လာအို အပါအဝင် နိုင်ငံစုံက လူတွေကို ထိုင်းနိုင်ငံဘက် ပြန်လွှဲပေးဖို့ အသင့်ရှိနေတာပါ။
2025-03-05
မနက်ဖြန်ကစပြီး နေ့စဉ် လူ သုံးရာကျော် နေရပ်ပြန်ပို့သွားမယ်လို့ ထိုင်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနက ပြောထားပါတယ်။
2025-03-05
ထိုင်းနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းနိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီးတာတွေများနေပါတယ်။
2025-03-05
မုံရွာခရိုင် မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ် ရွာဆယ်ရွာခန့်က ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေပါတယ်။
2025-03-05
နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက တောင်ခမ်းကျေးရွာ တိုက်ပွဲအတွင်း TNLA နဲ့ မဟာမိတ်တွေသိမ်းထားတဲ့ တပ်စခန်းတချို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်သွားပါတယ်။
2025-03-05
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မန္တလေး-မြစ်ကြီးနား ကားလမ်းမကို စစ်ကောင်စီတပ် နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2025-03-05
အရေးယူဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတချို့ဟာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံကို ပြောင်းရွှေ့နေကြတယ်လို့ ဂျပန်အစိုးရပိုင် NHK သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။
2025-03-05
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကပေးနေတဲ့ အကူအညီတွေ ရက်ပေါင်း ကိုးဆယ်အလွန်မှာ ပြန်ရဖို့ မျှော်လင့်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2025-03-05
တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို မတ် ၄ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ခြောက်ဦး သေဆုံးပြီး နေအိမ် သုံးဆယ်ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။
2025-03-05
ပုဏ္ဏားကျွန်းမြို့နယ်မှာ ပွင့်လင်းရာသီ ရောက်လာချိန် သောက်သုံးရေ ရှားပါးပြတ်လပ်လာတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။