သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-02
ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ " ဟဟ ပါပဲ " အစီအစဉ်ဖြစ်ပါတယ်။
2025-03-02
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အစပ်က ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် တမခ -၁၀၁ က အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေပါတယ်။
2025-03-02
ရုရှားသမ္မတ ပူတင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမယ်လို့ ကရင်မလင်ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2025-03-02
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
2025-03-02
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ဒေသတွေမှာ မြေမြှုပ်မိုင်းကြောင့် ဖေဖော်ဝါရီလ တစ်လအတွင်း ခြောက်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2025-03-02
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အထွက်က တောင်ယာတဲအတွင်းကို မတ်လ ၁ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2025-03-02
ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ်က စပါယ်ရှယ်တောင်အဆင်းမှာ မတ်လ ၁ ရက်နေ့ ညပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်တာကြောင့် ခုနစ်ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
2025-03-01
တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးနေတဲ့ work permit တွေကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နောက်ဆုံးထားပြီး သက်တမ်းတိုးဖို့ သတ်မှတ်ထားပါတယ်။
2025-03-01
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်နဲ့ နောင်ချိုမြို့နယ်တွေ ငါးဦးစီ သေဆုံးပြီး မိုးမိတ်မြို့နယ်မှာ သုံးဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
2025-03-01
နယ်စပ်အတွက် စိုးရိမ်စရာတွေ ပိုများလာတဲ့အတွက် နယ်စပ်မှာ တပ်ရင်းအသစ်ထားပြီး လုံခြုံရေးတင်းကြပ်ဖို့ လိုအပ်တဲ့အချိန်ရောက်လာပါပြီလို့ ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
2025-03-01
သူတို့ဟာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာကြောင့် ရှင်းလင်းတာလို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
2025-03-01
သူ ယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လှမ်းနေရင်း ဟားငါးကောင်အဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးအဖြစ် ကပြဖျော်ဖြေနေပါတယ်။
2025-03-01
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ မိုင်တစ်ရာကျော်ဝေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ပိုပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-03-01
ဘားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခလရ-၃၁ တပ်စွဲထားတဲ့ ပူလူတူ စစ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံသုံးရာကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2025-03-01
ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ရှာဖွေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒ၊ အကျိုးစီးပွားတွေနဲ့ကိုက်ညီပြီး ထိရောက်တဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံအားပေးမှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေပါတယ်။