သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
1969-12-30
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မြို့ဝတီမြို့အမှတ် (၁)ရပ်ကွက် မိုးကုတ်စက်ဝိုင်းကျောင်းတိုက်မှာ လာရောက်ပြီး အခမဲ့ ဆေးကုသပေးနေရာမှာ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများပါ သွားရောက် ဆေးကုသခံယူကြပါတယ်။
1969-12-30
ရန်ကုန်မြို့တော်အတွက် ဖွံဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကမာရွတ်မြို့နယ်၊ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို လာမယ့် ဖေဖော်ရီလ(၂၀)ရက်နေ့မှာ အပြီး ပြောင်းရွှေ့ဖို့အတွက် စည်ပင်သာယာရေး ကော်မတီက အကြောင်းကြားလိုက်ပါတယ်။
1969-12-31
ချင်းပြည်နယ်ကို ရောက်ရှိ စစ်ဆေးနေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးပှံမှန်ရရှိရေး နဲ့ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် နိုင်ငံတော်အစိုးရက အမြန်ဆုံးအကောင်အထည် ဖော် ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
1969-12-30
NLD ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင် ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေး သင်ကြားမှု ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။
1969-12-31
မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်သူ မပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း- အာဆီယံ ထိပ်သီး အစည်းအဝေးကို ၂၀၂၁ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်လိုက်ပါပြီ။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတက်လိုက်ရတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ပုံကို RFA ကာတွန်းဆရာ Rebel Pepper က ရေးဆွဲပေးထားပါတယ်။
1969-12-31
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီးတွေမှာ ကြုံတွေ့လာရတဲ့ ပြဿနာတခုကတော့ ကျူးကျော်နေထိုင်သူတွေရဲ့ အရေးပဲ ဖြစ်ပါတယ်။ ပြည်သူကိုဗဟိုပြု အုပ်ချုပ်နေပြီဆိုတဲ့ မြန်မာအစိုးရအနေနဲ့ လက်ရှိ ၂ဝ၁၅ ခုနှစ်မှာရော ဒီပြဿနာကိုဖြေရှင်းနိုင်ပါ့မလား။
1969-12-30
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်း အဝေးကို နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပခဲ့ပြီး ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
1969-12-31
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလာရန်းဈေးကအပြန် မေလ ၃၁ ရက်နေ့ညဦးပိုင်း ၈ နာရီခန့်ကလူတချို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ရန်ကုန်ဇာတိ ကိုဇင်ဘို ဆိုသူကို သူတို့မြန်မာတချို့ လက်ရှိ ခိုလှုံနေထိုင်တဲ့ ကပုန်း(Kepong) ရပ်ကွက်က ဆရာတော် ဒေါက်တာ အိန္ဒိက သတင်းသုံးရာ သမ္မာ သမ္ဗောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းမှာ အာဖက်အေ အဖွဲ့သား ဦးခင်မောင်စိုး က ဇွန်လ ၁၁ ရက်နေ့မှာ ခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
1969-12-31
ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေပြီး အရပ်သားတချို့လည်း သေဆုံးမှုတွေရှိလာပါတယ်။
1969-12-30
မန္တလေးတိုင်းအတွင်းရှိ အင်န်အယ်လ်ဒီ အဖွဲ့ဝင်အချို့က မြန်မာနဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုရက်ပိုင်းအတွင်း ရေဒီယိုတွေကို ဖြန့်ဝေ လှူဒါန်းတာတွေ ရှိတယ်လို့ သိရပါတယ်။
1969-12-31
အခုတစ်ပတ် ဦးခင်မောင်ညိန်း က စီစဉ်တင်ဆက်တဲ့ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ တချိန်က အနှစ် ၃၀ ကျော် ရပ်တည်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်အရေး အခင်းမှာ စစ်အာဏာပိုင်တွေရဲ့ မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတဲ့ သမိုင်းဝင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။ ဒီအစီအစဉ်မှာ ဧည့်သည်တော်တွေ အဖြစ် ၈၈ မျိုးဆက် ကျောင်းသား ကိုဗသက်အောင်နဲ့ ဘားမားတူဒေး အင်တာနက် သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင် တို့ ပါဝင်ဆွေးနွေးထားပါတယ်။
1969-12-31
နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့က ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်းကို တရားစွဲမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။