သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-23
ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၇၇ ဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-03-23
နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စတင်အကောင်အထည်ဖော်နေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2024-03-23
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူတွေပေးပေမဲ့ ပူးပေါင်းအဖွဲ့တွေဘက်က သိမ်းယူနိုင်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများစုက စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
2024-03-23
မကွေးတိုင်း ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်ထဲ မတ် ၂၃ ရက် မနက် ၆ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
2024-03-23
ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ကျေးရွာ ၁၄ ရွာက အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-03-23
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကစပြီး ခရီးသွားတွေ စိတ်ဝင်စားခဲ့ကြတဲ့ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့က ဂေါ်ရင်ဂျီကျွန်းဟာ အခုတော့ တိုင်းပြည်ရဲ့ အခြေအနေကြောင့် ခရီးသည်မရှိသလောက် ဖြစ်နေပါတယ်။
2024-03-23
မိုးမောက်မြို့နယ် ဟင်းသာရွာကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦးသေဆုံးကာ နောက်ထပ် ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-23
မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်က မခွယ်ရွာနဲ့ နောင်ကွမ်ရွာကြားမှာရှိတဲ့ အမတ ၃၇၀ ကို မနက် ၆ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းယူခဲ့တာလို့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။
2024-03-23
မင်းတုန်းမြို့နယ် မှန်ရွာမှာ ရွာအနီး တောမီးလောင်တာကနေ နေအိမ် ၁၅၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် ၈၀ အရွယ် ဒေါ်ယုံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-03-23
ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီပူးပေါင်းတပ်တွေက ထုတ်ပြန်ပါတယ်။
2024-03-22
လာအိုနိုင်ငံသားတွေက သူတို့ကို လောကငရဲကနေ လွတ်မြောက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အကူအညီပေးဖို့ မေတ္တာရပ်ခံကြောင်း၊ တရုတ်အတွက် ငွေရှာမပေးရင် ထပ်ပြီးနှိပ်စက်ခံရမှာဖြစ်ကြောင်း RFA လာအိုဌာနကို ပြောဆိုကြပါတယ်။
2024-03-22
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို TPS လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့်ပြုတဲ့ကာလကို နောက်ထပ် တစ်နှစ်ခွဲထပ်တိုးလိုက်တယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဌာနက မတ်လ ၂၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2024-03-22
တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေတွေဟာ အခုနှစ်မှာ ပြောင်းလဲလာပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီကို ခုခံစစ်မဟုတ်တော့ဘဲ ထိုးစစ်ဆင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-03-22
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက် ရေးအဖွဲ့ (CPJ) က ထုတ်ပြန်ပါတယ်။
2024-03-22
နိုင်ငံတစ်ဝန်း စစ်သားစုဆောင်းတဲ့ကိစ္စတွေ လက်တွေ့လုပ်ဆောင်လာခဲ့တာကြောင့် မိဘပြည်သူတွေ စိုးရိမ်စိတ်မြင့်တက်လာပြီး ရှေ့ဆက်ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးထားပါတယ်။