သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-07
ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်တွေ တိုးချဲ့ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတာတွေရှိနေတဲ့အတွက် အခက်ကြုံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
2023-02-07
နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ အတန်းပညာသာမက အသက်မွေးပညာရပ်ကိုပါ သင်ကြားပေးနေတဲ့ ပဲခူးမြို့စွန် ဥဿာမြို့သစ်က ရင်ခွင်မဲ့သူများဆုံဆည်းရာ မိဘမဲ့ကျောင်းလေးဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေနဲ့ မိဘမဲ့ ရင်သွေးငယ်တွေအတွက် အနာဂတ်မျှော်လင့်ချက်ကို တတ်နိုင်သလောက် ဖန်တီးပေးနေပါတယ်။
2023-02-07
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရေဖြူကားလမ်းမပေါ် နှမ်းကြဲရွာအနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်း ကားတစ်စီးပစ်ခတ်ခံရလို့ သက်တော် (၆၀) အရွယ် ဆရာတော်ဦးဥက္ကဋ္ဌ ပျံလွန်တော်မှုပြီး အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2023-02-07
အဲဒီရပ်ကွက်ငါးခုမှာ အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေငါးသောင်းနီးပါးနေထိုင်ခဲ့ကြပြီး လက်ရှိ နေထိုင်ရေး အခက်အခဲကြောင့် မူလနေရာမှာ ပြန်နေထိုင်ခွင့်ရဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး စံသမာဓိ ရပ်ကွက်ရှေ့မှာ လူဦးရေတစ်ရာဝန်းကျင်နဲ့ စုဝေးတောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
2023-02-07
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်း စစ်ကြောင်းဝင်ရောက်လာလို့ မြကန်ရွာခံတွေအပြင် အခြားရွာတွေကနေ ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၈၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2023-02-07
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နှစ်ရက်အတွင်း ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လ ို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က RFA ကို ပြောပါတယ်။
2023-02-06
ရုရှား-ယူကရိန်း ပဋ္ဋိပက္ခအရှိန်မြင့်လာဖွယ်ရှိတာဟာ စစ်ပွဲပိုကျယ်ပြန့်လာမယ့်ဘက် ဦးတည်နေတဲ့ သဘောသက်ရောက်တာမို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံတွေကို မနေ့က သတိပေးလိုက်တာပါ။
2023-02-06
မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
2023-02-06
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် နှစ်ပတ်တစ်ကြိမ် တင်ဆက်နေတဲ့ အစီအစဥ်ဖြစ်ပါတယ်။
2023-02-06
ဇန်နဝါရီလတစ်လအတွင်း အရပ်သား ၁၁၆ ဦး အသတ်ခံရပြီး တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ နေအိမ်ငါးထောင်ကျော်မီးရှို့ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-02-06
အာဏာသိမ်း နှစ်နှစ်အတွင်း ပစ်မှတ်ထား ဖိနှိပ်မှုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ (NLD) ပါတီအတွက် ဆက်လက်ရှင်သန်ရေးနဲ့ ပါတီမှတ်ပုံတင်ရေးကိစ္စတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
2023-02-06
ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့လမ်းပိုင်း၊ ဇရပ်ဖြူရွာအနီးမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အိမ်စီးကားတစ်စီး မိုင်းထိတာကြောင့် လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးခဲ့တဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။
2023-02-06
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က ကွင်းဆင်းလေ့လာမှုတွေ ရှိလာနေတဲ့အတွက် ဒေသခံရေလုပ်သားတွေအကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
2023-02-06
ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေကြရသလို လက်နက်ကြီးကြောင့် ပြည်သူ ငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
2023-02-06
ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။