သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-03
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လအတွင်းမှာ အရပ်သား ရှစ်ဆယ် သေဆုံးတယ်လို့ AAPP က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-12-03
ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေကို ပညာသင်ပေးတာဟာ ထိုင်းနိုင်ငံအတွက်လည်း အကျိုးရှိတယ်လို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးမဟာမင်းကြီး ဝါဆန် ပိုင်လီကလီက ယုံကြည်ပါတယ်။
2024-12-03
တောင်ကိုရီးယား သမ္မတက ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် သူ့ကြေညာချက်ကို ရုပ်သိမ်းပေးမယ်လို့ သမ္မတကလည်း ပြန်ပြီးကြေညာလိုက်ပါတယ်။
2024-12-03
တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုးယောက်ဆီကနေ ကျည်ဆန် သုံးထောင်နီးပါးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
2024-12-03
ထောင်ဝင်စာတွေ့ခွင့်အတွက် ထောင်အာဏာပိုင်တွေက ကိုယ်ကျိုးရှာစီးပွားရေးလုပ်နေတယ်လို့ PPNM ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2024-12-03
ကိန်းဂဏန်းအချက်အလက်တွေအရ အောင်မြင်တာကို ကျေနပ်နေလို့မရဘဲ လက်တွေ့မှာလည်း အမှန်တကယ် တိုးတက်အောင်မြင်ဖို့လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
2024-12-03
တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး နှစ်ဖက်တပ်ကြား ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း ပြောလာပါတယ်။
2024-12-03
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် လေးဆယ်ကျော်ကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
2024-12-03
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်တစ်ဖက်ကမ်းက ၀ိုင်းမော်မြို့မှာ စစ်ကောင်စီတပ်က အင်အားတိုးချထားပြိး လုံခြုံရေးတင်းကျပ်ထားသလို စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း လိုက်လံစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောပါတယ်။
2024-12-03
ခြံအမှတ် (၅၄) ကို ဈေးလျှော့ပြီး လေလံတင်ရောင်းဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားပြီး လာမဲ့ရုံးချိန်း ဒီဇင်ဘာ ၁၈ ရက်မှာ တရုားရုံးက အမိန့်ချဖို့ ရှိနေပါတယ်။
2024-12-03
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ကော့စံနိုင် လူမှုကူညီရေးအသင်းသား လေးဦးထဲက တစ်ဦးကို ကျိုက်ထိုမြို့နယ်တရားရုံးက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-12-03
စစ်အာဏာသိမ်းကာလအတွင်း လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ Data for Myanmar က ဒီဇင်ဘာ ၃ ရက်မှာ ဖော်ပြပါတယ်။
2024-12-03
မြန်မာနိုင်ငံမှာ မသန်းစွမ်းသူ ခြောက်သန်းကျော်ဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲက တစ်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၃ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ ထုတ်ပြန်ပါတယ်။
2024-12-03
မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ စစ်ဘေးရှောင်နေချိန် သေဆုံးသူတွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၂ ဦးအထိရှိလာပါတယ်။
2024-12-03
တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာပါတယ်။