သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-02
HIV/AIDS ဝေဒနာရှင်တွေဟာ ကိုယ်တိုင်မကျန်းမာပေမဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ယူနိုင်တဲ့သူတွေ၊ ကျန်းမာသူတွေ တောင်မလုပ်နိုင်တာတွေကို လုပ်ပြတဲ့ သူတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးလိုက်ပါတယ်။
2010-12-01
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် မြန်မာပြည်သူတွေဟာ မကြာခင်က ဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရင်း ခိုလှုံစရာ အမိုးအကာ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် နယ်စပ်ဒုက္ခသည် ကူညီရေး TBBC အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။
2010-12-01
မြန်မာနဲ့ပတ်သက်လို့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ကူညီနေတဲ့ နိုင်ငံတကာ အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံ အခြေစိုက် ကျိုဒိုသတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောလိုက်တာပါ။
2010-12-01
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမဲ့ အစိုးရသစ်တို့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဒီကနေ့ ဒီဇင်ဘာ ၁ ရက် အမျိုးသားနေ့ အခါသမယမှာ ဝါရင့် နိုင်ငံရေးသမားကြီးတွေက တိုက်တွန်းလိုက်ပါတယ်။
2010-12-01
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီအရ ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒုက္ခသည်တွေအတွက် ကနေဒါနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၅ သိန်းလှူဒါန်းဖို့ ရှိတယ်လို့ ကနေဒါ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက် မနေ့က ကြေညာပါတယ်။
2010-12-01
မြန်မာနိုင်ငံမှာ ၁၀ နှစ်ကျော်ကြာ လုပ်ဆောင်လာခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် ဘာကြောင့် မအောင်မြင်ရတာပါလဲ။
2010-12-01
မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအပေါ် ကြင်နာမှု ရှေ့ထားပြီး ကူညီကြဖို့ ထိုင်းပြည်သူတွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
2010-12-01
အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သင့်တင့် လျောက်ပတ်တဲ့ နိုင်ငံရေး အခြေအနေကောင်းတွေကို အခုချိန်က စပြီး ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက် ဒီကနေ့ မနက်ပိုင်းက NLD ပါတီက ပြုလုပ်တဲ့ အနှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့- အမျိုးသားနေ့ အခမ်းအနားမှာ ထုတ်ပြန်တဲ့ NLD ပါတီရဲ့ ကြေညာချက်မှာ ခုလို ဖော်ပြထားတာပါ။
2010-11-30
ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။
2010-11-30
စစ်အစိုးရရဲ့ စာနယ်ဇင်း ဆင်ဆာအဖွဲ့လို့ လူသိများတဲ့ စာပေစိစစ်ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေး မှတ်ပုံတင်ဌာနဟာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အရင်ကလိုပဲ ပြန်တင်းကျပ်လာတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတချို့က ပြောပါတယ်။
2010-11-30
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီးနဲ့ ဝေါလေဒေသတွင်းမှာ မနေ့က ညနေပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းအထိ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဗိုလ်ချုပ် ထိန်မောင် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ကို စစ်အစိုးရတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
2010-11-30
မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးအရာရှိ မစ္စတာ ဗီဂျေ နမ်ဘီယာဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။
2010-11-30
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်းဈေးကို သားဖြစ်သူနဲ့ အတူ သွားရောက်ရာမှာ ရာဂဏန်းရှိတဲ့ လူထုက နှုတ်ဆက်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားသူတွေက ပြောပြပါတယ်။
2010-11-30
မြန်မာနိုင်ငံက တင်ပို့တယ် ဆိုတဲ့ သစ်လုံးတွေဟာ ထိုင်းပြည်တွင်းမှာ ဥပဒေမဲ့ ခုတ်လှဲတဲ့သစ်တွေ ဟုတ်မဟုတ် စစ်ဆေးတော့မယ် လို့ ထိုင်း အမျိုးသားသယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး က ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
2010-11-30
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Foreign Policy နိုင်ငံတကာရေးရာ မူဝါဒ မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ တဦးအဖြစ် ထည့်သွင်း ဂုဏ်ပြု လိုက်ပါတယ်။