သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-15
ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းသင့်တဲ့ ဒေသတွေထဲမှာ ပါဝင်ခဲ့တဲ့ ပေါက်တောမြို့နယ်မှာ ပင်လယ်ဒီရေ မဝင်အောင် တားတဲ့ တာတမံကို ဆည်မြောင်းဦးစီးဌာနက ဝန်ထမ်းကိုယ်တိုင်က ဖျက်ဆီးခဲ့တဲ့အတွက် အခုအခါမှာ လယ်မြေဧက တထောင်ကျော်လောက် ဆားငံရေ ဝင်ပြီး ပျက်စီး ကုန်တယ်လို့ သိရပါတယ်။
2010-11-15
နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချု ပ်ရုံးမှာ လူထုဟောပြောပွဲတရပ် ကျင်းပခဲ့ရာမှာ ပြည်သူလူထု သိန်းဂဏန်း တက်ရောက်ခဲ့ပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် လူထုကို ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းနှင့် ပုံရိပ်တချို့ကို တင်ဆက်ထားပါသည်။
2010-11-14
နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် လူထုကို ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းနှင့် ပုံရိပ်တချို့ကို တင်ဆက်ထားပါသည်။
2010-11-14
အခုတပတ် တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ စစ်အစိုးရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှု ကင်းမဲ့တဲ့လုပ်ရပ်တွေ အများကြီး ရှိခဲ့ကြောင်း ပါတီသုံးခုရဲ့ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးထားကြပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ ၇ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို NLD ရုံးချုပ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူက သူ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတချပ် မနေ့က ညပိုင်းမှာ လက်ဆောင် သွားပေးခဲ့တယ်လို့ သိရပါတယ်။
2010-11-14
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ ပြည်သူတွေ ပိုပြီးပါဝင်ဖို့ လိုတယ်လို့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ RFA ကို ပြောကြားပါတယ်။
2010-11-13
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာလာချင်းပဲ ခြံဝမှာ စောင့်နေတဲ့ ပရိသတ် ထောင်ပေါင်းများစွာကို ကျေးဇူးတင်စကား ပြောကြားရင်း ညီညွတ်ရေးနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရေး စကားတွေကို ပြောကြားခဲ့ပါတယ်။
2010-11-13
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်က နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပါပြီ။ လွတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ထွက်ပြီး လူထုကြီးကို နှုတ်ဆက်စကား ပြောပါတယ်။ အဲဒီလို ပြည်သူလူထုကို နှုတ်ဆက်စကား ပြောဆိုရာမှာ မိမိတို့အားလုံး ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ လက်တွဲ ဆောင်ရွက်ကြရမယ်လို့ ပြောဆိုခဲ့ပါတယ်။
2010-11-13
ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူအဖြစ် အထင်ရှားဆုံး လူသိအများဆုံး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ကမ္ဘာတဝှမ်းလုံး ပျော်ရွှင် ဝမ်းမြောက်ကြမှာဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Gordon Brown က ပြောဆိုလိုက်ပါတယ်။
2010-11-13
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် ကြိုဆိုကြောင်း ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တွေက ဒီကနေ့ ပြောပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး မကြာခင်မှာပဲ နောက်တကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်ကိုတော့ မမေ့ဖို့ လိုကြောင်း တောင်အာဖရိက ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် de Klerk က သတိပေးလိုက်ပါတယ်။
2010-11-13
ရွေးကောက်ပွဲ သတင်းတွေကို အမှန်ပကတိအတိုင်း အချိန်နဲ့ တပြေးညီ တင်ပြခဲ့တဲ့ ပြည်တွင်းက ဂျာနယ်တချို့နဲ့ ရွေးကောက်ပွဲ အင်တာနက် စာမျက်နှာတွေကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ ညွန်ကြားချက်နဲ့ စာပေစိစစ်ရေးက အင်တာနက်ပေါ်ကနေ ဖျက်သိမ်းခိုင်းလိုက်တယ်လို့ သိရပါတယ်။
2010-11-13
နိုဝင်ဘာလ (၈) ရက်နေ့က DKBA တပ်တွေရဲ့ အဖမ်းဆီးခံရပြီး နိုဝင်ဘာလ (၁၂) ရက်နေ့မှာ ပြန်လည်လွတ်မြောက်သွားသူ မြန်မာ့တပ်မတော် စကခ (၈) ဗျူဟာ (၃) က ဗိုလ်ကြီးသက်နိုင်ကို DKBA က ပြန်မလွှတ်ခင်မှာ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်သတင်းဌာန KIC က တွေ့ဆုံမေးမြန်းခွင့် ရပြီး ဗွီဒီယို မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။