သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-12
နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေကြပုံများကို တင်ပြထားပါသည်။
2010-11-12
DKBA အဖွဲ့က သူတို့ ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်က ဗိုလ်ကြီး သက်နိုင်ကို ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ် ။
2010-11-12
မကြာသေးခင်ကမှ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ပြီး ဖယ်ဒရယ် ပြည်တောင်စု တည်ထောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြတဲ့ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ထဲက ၄ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံပြီး အလုပ်ရုံ ဆွေးနွေးပွဲတခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2010-11-12
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြိုံနယ် မဲဆန္ဒအမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တသီးပုဂ္ဂလ အမတ် ဒေါက်တာ စောနိုင်ဟာ ပြိုင်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရတယ် ပုံစံ ၁၉ မှာ လက်မှတ်ထိုးပေးပါလို့ မြို့နယ်ကော်မရှင်က ပြောတာကြောင့် လက်မှတ်ထိုးပေးအပြီး တကယ်တမ်း တရားဝင် ကြေညာချက် ထွက်လာရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးအောင်ကျော်မိုး နာမည်ထွက်လာတယ်လို့ သိရပါတယ်။
2010-11-12
ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေနဲ့ စစ်အစိုးရတပ်တွေ နိုဝင်ဘာ ၁၁ ရက် မနေ့ညနေက တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2010-11-12
နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေကြပုံများကို တင်ပြထားပါသည်။
2010-11-12
ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၆ ဦ်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိကြောင်း ကြေငြာချက်တစောင် နိုဝင်ဘာ ၁၂ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2010-11-12
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၂ ရက် ဒီနေ့ လွှတ်ပေးဖို့ ရှိပေမဲ့ ချုပ်ချယ်မှု ကန့်သတ်မှု တွေ လုံးဝမရှိပဲ သွားလာ လှုပ်ရှားခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုနေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ရရှိပါတယ် ။
2010-11-12
ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခိုလုံနေကြရသော မြဝတီမြို့နဲ့ အနီးတဝိုက်က ပြည်သူများ၏ အခြေအနေကို တင်ပြထားပါသည်။
2010-11-11
လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရွေးကောက်ပွဲ ဟန်ပြကျင်းပပြီး၊ တကယ်တော့ မြန်မာစစ်အစိုးရဟာ စစ်ပဒေသရာဇ်စနစ် နဲ့သာမြန်မာနိုင်ငံကို ဆက်လက် အုပ်ချုပ်သွားဖို့ ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှာ မြန်မာ့နိုင်ငံရေး ခေတ္တ သုတေသန လုပ်နေတဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ်က ဒေါက်တာဇာနည် ကပြောပါတယ်။
2010-11-11
မြန်မာနိုင်ငံ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့က မြဝတီမြို့ကို တရားမဝင် ဝင်ရောက်မှုနဲ့(၂) ညအိပ် (၃) ရက်ကြာ အဖမ်းခံရပြီး နိုဝင်ဘာ(၉) ရက်နေ့ ညနေမှာပြန်လွတ်လာသူ APF ဂျပန် ရုပ်သံသတင်းဌာန ပိုင်ရှင် Mr. Toru Yamaji က မြန်မာနိုင်ငံရဲ့ အချုပ်သားတွေဟာ အခြေခံရပိုင်ခွင့် တွေ ဆုံးရှုံးနေတယ်လို့ သူ့အတွေ့အကြုံကို RFA က သီးသန့်မေးမြန်းစဉ် ပြန်လည်ပြောဆိုပါတယ်။
2010-11-11
ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ်က မဲစာရင်းပြုထားတဲ့ မှတ်တမ်းတွေကို ဖျက်ဆီးရမယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ဝန်ထမ်းတွေကို လျှို့ဝှက် ညွှန်ကြားလိုက်တယ်လို့သိရပါတယ်။
2010-11-11
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့ တိုင်းနဲ့ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ ဒီကနေ့ရန်ကုန်မြို့ကို ရောက်လာနေကြပြီလို့သိရပါတယ်။
2010-11-11
ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူနေဒေါ်ခင်ခင်ဝင်းနဲ့ သမီးဒေါ်ဝင်းမမတို့ အမှုအတွက် ဗဟိုတရားရုံးကို တင်သွင်းထားတဲ့ အထူးအယူခံကို ဒီကနေ့ ဗဟိုတရားရုံးက ပယ်လိုက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-11-10
ဗိုလ်မှူးကြီးစောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ တပ်တွေနဲ့ စစ်အစိုးရတပ်တွေ မြဝတီမြို့ပေါ်မှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ၊ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့မှာတော့ အခြေအနေတွေ အတော်အတန် ငြိမ်သက်နေပြီလို့ သိရပါတယ်။