သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-10
စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် အသိအမှတ် မပြု နိုင်ကြောင်း ပဲခူးတိုင်းအတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက လက်မှတ်ရေးထိုးတဲ့ ကြေညာချက်တစောင် နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ပြီး နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2010-11-10
NDF ပါတီအနေနဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုမျိုးစုံ ကြုံတွေ့ခဲ့ရတာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တင်ပြဖို့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ဆုံးဖြတ်ချက်ချခဲ့ပြီး ပြည်သူကို အစီရင်ခံတဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
2010-11-10
ရန်ကုန်မြို့ ဩစတြေးလျနိုင်ငံ သံရုံးက သံအမတ်ကြီး Michelle Chan ဦးဆောင်တဲ့ သံကိုယ်စားလှယ်အဖွဲ့ဟာ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်းတို့နဲ့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ နေ့လည် ၁ နာရီက ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊
2010-11-10
လာမဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ချုပ်ရက်စေ့ပြီ ဖြစ်တဲ့ အတွက် ပြန်လွှတ်ပေးရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ကန်သတ်ချက်တွေနဲ့ လွှတ်ပေးတာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။
2010-11-10
မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး လက်ရှောင်နေတာဟာ မဟာဗျူဟာ အကျိုးစီးပွားကြောင့် ဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိကြီးတယောက်က အေအက်ပီ သတင်းဌာနကို ပြောလိုက်ပါတယ်။
2010-11-10
တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာပြည်အခြေအနေတွေကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-11-09
လွန်ခဲ့တဲ့ နှစ်ရက်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံထားရတဲ့ တိုကျိုအခြေစိုက် ဂျပန် APF သတင်းထောက်ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ပြည်နှင်ဒဏ် ပေးလိုက်ပြီလို့ မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ APF သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်၊
2010-11-09
စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ပြီးသွားပေမဲ့ တပြည်လုံး အတိုင်းအတာနဲ့ အနိုင်အရှုံးစာရင်းကို တိတိကျကျ မကြေညာနိုင်သေးတာ တွေ့ရပါတယ်။ ဒါဟာ မဲမသမာမှုတွေကြောင့်လို့လည်း စုံစမ်းသိရှိရပါတယ်။
2010-11-09
မြဝတီမြို့တွင်း ခြေကုတ်ယူထားတဲ့ DKBA တပ်များ နိုဝင်ဘာ ၉ ရက် ဒီကနေ့ မနက်က မြို့တွင်းက ဆုတ်ခွာသွားပြီသလို စစ်အစိုးရ တပ်တွေက မြို့ကို ပြန်လည် ထိန်းချုပ်ထားလိုက်တဲ့အတွက် နောက်ဆုံး သတင်းကြေညာချိန်အထိ မြို့တွင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။
2010-11-09
မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲကို တဖက်သတ် လုယူသွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်သမတ မစ္စတာ ဘရက်အိုဘားမားက ပြောဆိုလိုက်ပါတယ်။
2010-11-09
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်ထဲက ၃၇ မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ တယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးတင်မောင်ဝင်းက သတင်းထောက်တွေကို နိုဝင်ဘာ ၈ ရက် မနေ့ ညနေက တရားဝင် ပြောကြားခဲ့တယ်လို့ ရန်ကုန် စာနယ်ဇင်း ရပ်ကွက်က ပြောပါတယ်။
2010-11-09
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမတ ဘာရက် အိုဘားမားက အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိစဉ် တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေထံ တိုက်ရိုက် အသံလွှင့်တဲ့ မိန့်ခွန်းတခုမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ ညဦးပိုင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
2010-11-09
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ ထောက်ခံအားပေးနေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီး ခြောက်ဦးက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ စစ်အစိုးရအပေါ် မျှော်လင့်ချက်တွေကို ကုန်ဆုံးစေခဲ့တယ်လို့ နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2010-11-08
ကချင်ပြည်နယ် ပန်ဝါ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ဟိုပင်၊ လုံးခင်း၊ နမ္မတီးစတဲ့ြ မို့တွေမှာ မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်မြန်မာနယ်စပ် ပန်ဝါမြို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ပါဝင် အရွေးခံတဲ့ ဦးစခုံတိန့်ယိမ်း အနိုင်ရရှိ သွားပါတယ်။
2010-11-08
စစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သမိုင်းမှာ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ မပြည့်စုံဆုံး ရွေးကောက်ပွဲတခု ဖြစ်သလို မျှော်လင့်ထားတာထက် အဂတိ လိုက်စားမှုနဲ့ မသမာမှု အများဆုံး တွေ့ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်တွင်းက ကိုယ်တိုင် မဲထည့်ခဲ့တဲ့ လေ့လာသူတွေနဲ့ နိုင်ငံရေးသမားကြီးတွေက သုံးသပ်ကြပါတယ်။