သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-14
အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဖွဲ့စည်း တည်ထောင်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
2010-10-14
သာယာဝတီမြို့နယ်တွင်းမှာ ရှိတဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တွေမှာ သင်္ဘောဆေးနီတွေနဲ့ ကြံ့ဖွံ့မကျေနပ်ဖူး ဆိုတဲ့ စာသားတွေနဲ့ ဆေးနီပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီမြို့ခံတဦးက RFA ကို ပြောပါတယ်။
2010-10-14
NLD ပါတီ တရားဝင် ရပ်တည်လျက် ရှိကြောင်း တရားစီရင်ရေးလမ်းကြောင်းအရ သွားနေတာ ဖြစ်တယ်လို့ ပြည်နယ်တိုင်းအသီးသီးမှာရှိတဲ့ ပါတီဝင်တွေကို အသိပေးအကြောင်းကြားစာကို ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဖြန့်ဝေလိုက်ပါတယ်။
2010-10-14
ထိုင်းနိုင်ငံမြောက်ပိုင်း လာအိုနယ်စပ် khong Kean ခွန်ကမ်း မြို့မှာ ရှိတဲ့ ဒေချားဖိုင်းနစ် (Dechapanich) ငါးဖမ်းပိုက်စက်ရုံက အလုပ်သမားရပိုင်ခွင့် တောင်းဆိုတဲ့ ဆန္ဒပြ မြန်မာအလုပ်သမားတွေဟာ စက်ရုံက အောက်တိုဘာ ၁၄ ရက် ဒီနေ့ ထွက်ခွာကြပြီး အနားက ထိုင်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
2010-10-14
မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း နယူးဇီလန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ သီးသန့် ကော်မတီမှာ ဒီကနေ့ ကြားနာခဲ့တယ်လို့ သိရပါတယ်။
2010-10-14
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ စည်းရုံးရေး ဆင်းနေကြတဲ့ ပြည်တောင်စု ကြံ့ခိုင်ရေးပါတီဝင်တွေ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက မိုးကြိုးပစ် ခံရတယ်လို့ သိရပါတယ်။
2010-10-14
နယူးဇီလန်နိုင်ငံမှာ သီတင်းသုံးတဲ့ ဆရာတော်တပါးဟာ နယူးဇီလန်ပါလီမန် အမတ်တွေနဲ့ တွေ့ဆုံပြီး လာမဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
2010-10-14
မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ အကြီးအကျယ် စိုးရိမ် ပူပန်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ P.J Crowley က အခုလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်း ပြောကြားလိုက်ပါတယ်။
2010-10-13
ထိုင်းနိုင်ငံအခြေစိုက် Altsean ခေါ် အာဆီယံစင်ပြိုင်အဖွဲ့က အမျိုးသမီး စွမ်းရည်မြှင့် သင်တန်းတက်နေတဲ့ တိုင်းရင်းသူတွေကနေ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ နှိုးဆော်တဲ့ တေးသီချင်း သုံးပုဒ်ကို အောက်တိုဘာ ၁၃ ရက် ဒီကနေ့ စတင် ဖြန့်ဝေလိုက်ပါတယ်။
2010-10-13
၃ လနီးပါး ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်-မြဝတီ တံတားကို မကြာခင် ပြန်ဖွင့်ဖို့ မြန်မာခေါင်းဆောင်တွေက ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း ကတိပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2010-10-13
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပံလှရွာ အရှေ့ဖက်မှာရှိတဲ့ မလဲ ဆည်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေများလာတာကို မထိန်းသိမ်းနိုင်တော့ပဲ ၁၁ ရက်နေ့မှာ ရေဖောက်လွှတ် လိုက်တာကြောင့် မန္တလေး၊ မိုးကုတ်၊ ဗန်းမော်သွားတဲ့လမ်းက အဓိက တံတားတခု ပျက်စီးသွားသလို လက်ပံလှရွာက အိမ်အချို့လည်း ရေထဲ မျောပါသွားတယ်လို့ သိရပါတယ်။
2010-10-13
NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ပတ်သက်တဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ပါ ပူးပေါင်း ပါဝင်ပြီး ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။
2010-10-13
ဒီမိုကရေစီပါတီ ၆ ခုနဲ့ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီပါတီမိတ်ဆွေများအဖွဲ့ထဲက သူတို့ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်းပါတီ) က ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။
2010-10-13
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ နယူးဇီလန် ပါလီမန်လွှတ်တော်က မြန်မာစစ်အစိုးရကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
2010-10-12
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမဲ့ အချိန် တနေ့တခြား နီးကပ်လာတာနဲ့ အမျှ အောက်ခြေ အဆင့်မှာ မဲဆွယ်စည်းရုံးမှုတွေအပေါ် အာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေ ပိုမို အသက်ဝင်လာတာ တွေ့ရှိလာရပါတယ်။