သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-12
အမေရိကန်ပြည်ထောင်စုမှာ တေးဂီတဖျော်ဖြေဖို့ ရောက်လာခဲ့တဲ့ Ovation တေးဂီတအဖွဲ့နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဟာ အမေရိကန် ပြည်ထောင်စု လူဝင်မှု ကြီးကြပ်ရေးဌာနက သူတို့ရဲ့ နေထိုင်ခွင့် ဗီဇာကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် အောက်တိုဘာ ၁၁ ရက် မနေ့ကနဲ့ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ နှစ်သုတ်ခွဲပြီး မြန်မာပြည်ကို ပြန်လည် ထွက်ခွာသွားကြပြီလို့ သတင်းရရှိပါတယ်။
2010-10-12
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီကို စစ်အစိုးရနဲ့အကျိုးတူ စီးပွားရေး လုပ်ဆောင်နေသူတဦးက ငွေကြေးထောက်ပံ့ နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း NDF ပါတီခေါင်းဆောင်တွေက သူတို့ရဲ့ ဒီမိုကရေစီမိတ်ဆွေ ၆ ပါတီ ခေါင်းဆောင်တွေကို ရန်ကုန်တိုင်း တာမွေမြို့နယ် ကျိုက္ကဆံလမ်းက NDF ပါတီ ရန်ကုန်တိုင်းရုံးမှာ အောက်တိုဘာ ၁၂ ရက် ဒီကနေ့ ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
2010-10-12
မြန်မာနိုင်ငံက ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရှေ့ဆုံးက ပါဝင်လုပ်ကိုင်နေတဲ့ ထိုင်းအစိုးရပိုင် PTT ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီဟာ ၂၀၁၅ အာဆီယံ စီးပွားရေးအသိုင်းဝန်း AEC ရည်ရွယ်ချက် အတိုင်း ဈေးကွက်တခုထဲမှာ ရှေ့ဆုံးမှာ ရောက်နေဖို့အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို အပူတပြင်း တိုးချဲ့လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
2010-10-12
မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ ပြည်သူ့ ဆန္ဒနဲ့အညီ ဖြစ်မလာမှာကို စိုးရိမ်ပူပန်နေတယ်လို့ ကုလသမဂ္ဂနဲ့ EU အဖွဲ့တို့က ထိုင်းဝန်ကြီးချုပ်မှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စကား လက်ဆင့်ကမ်း လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့အတူ နေပြည်တော်ကို လိုက်ပါသွားတဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါက်တာမာလစ်က RFA ကို ပြောဆိုပါတယ်။
2010-10-12
ချက်သမတနိုင်ငံ ပရပ်ဂ်မြို့တော်မှာ အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့က စတင်ပြီး ပြုလုပ်တဲ့ Forum 2000 လူ့ အခွင့်အရေး ဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
2010-10-12
နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတယ်လို့ အာဏာပိုင်တွေက လာရောက် အကြောင်းကြားခဲ့တာ မှန်ပေမဲ့ ဥပဒေအရ အကျဉ်းကျခံနေရသူ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိတဲ့အကြောင်းနဲ့ သူ့အနေနဲ့လည်း သွားရောက် မဲပေးမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကို အောက်တိုဘာ ၁၂ ရက် ဒီကနေ့ ပြောလိုက်ပါတယ်။
2010-10-12
မြန်မာနိုင်ငံခရီးစဉ်ဟာ အကျိုးရှိတဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က အောက်တိုဘာ ၁၂ ရက် ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။
2010-10-11
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်တွင်းပြည်ပ စာနယ်ဇင်းတွေက ရွေးကောက်ပွဲ အပေါ် ရေးသားဖော်ပြနေတာတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။
2010-10-11
ချင်းအမျိုးသား လူ့အခွင့်အရေး လှုပ်ရှားသူတဦဖြစ်တဲ့ ဦးဗစ်တာ ဗျတ်လျှံ (Victor Biak Lian )ကို နော်ဝေးနိုင်ငံ အခြေစိုက် Norwegian Mission to the East ခရစ်ယာန်ဘာသာ အခြေပြု အဖွဲ့အစည်းကနေ လူ့အခွင့်အရေးဆု တဆု ချီးမြင့်ကြောင်း ဒီကနေ့ အောက်တိုဘာ ၁၁ ရက်မှာ ကြေညာပါတယ်။
2010-10-11
ရွေးကောက်ပွဲအတွက် ဝန်ထမ်းတွေ မဲထည့်ရေးနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ ဌာနဆိုင်ရာ အကြီးအကဲတွေအားလုံးကို စက်တင်ဘာ ၁၅ ရက်ကစပြီး နိုင်ငံခြားသားနဲ့ တွေ့ဆုံခွင့် ပိတ်ပင်လိုက်ပါတယ်။
2010-10-11
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိဘုန်းတော်ကြီး ဒက်စမွန်တူးတူးက လူထုမြင်ကွင်းကနေ တရားဝင် အနားယူတော့မှာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် ဆက်လက်ပြီး ထောက်ခံအားပေးဆောင်ရွက် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
2010-10-11
ရွေးကောက်ပွဲ ကျင်းပတော့မဲ့ အချိန်မှာ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အမေရိကန်နိုင်ငံက အစိုးရ အဖွဲ့ဝင်တွေနဲ့ စီးပွါးရေး ကျွမ်းကျင်သူတွေ ဆွေးနွေးခဲ့ကြပါတယ်။
2010-10-11
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ လွှတ်ပေးမဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်တဲ့ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
2010-10-11
အောက်တိုဘာလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့မှာ ကမ္ဘာ့အပူချိန်များ ကျဆင်းစေဖို့အတွက် ကမ္ဘာမြေ စိမ်းလန်းစိုပြေဖို့ ဆိုပြီး အထိမ်းအမှတ်တခုအနေနဲ့ ကဗျာဆရာတွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ သီရိမင်္ဂလာ ရွှေဘုံဦး ကျောင်းတိုက်မှာ သစ်ပင်အပင် ၃၅၀ စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
2010-10-10
စင်ကာပူနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်နေ့က မျက်စိ ခွဲစိတ်ကုသ ခံယူခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းနဲ့ လက်ရှိ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ သူရဦးတင်ဦးကို စင်ကာပူရောက် မြန်မာမိသားစုက တိုပါးရိုး ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ၁၀ ရက် ၁၀ လ ၂၀၁၀ ပြည့်နှစ်မှာ စုပေါင်း ဂါရ၀ ပြုကြပါတယ်။