သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-10
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင်ကို လွှတ်ပေးဖို့ရှိကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ် တစောင်ကို ကိုးကားပြီး ဂျာမန်သတင်းဌာန DPA က ရေးသားလိုက်ပါတယ်။
2010-10-10
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ နိုဝင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားကြရာမှာ စစ်အစိုးရ ထောက်ခံမှုရှိတဲ့ပါတီက မသမာတဲ့ နည်းလမ်းတွေ သုံးနေကြပြီး တခြားပါတီတွေကတော့ ကန့်သတ်ချုပ်ချယ် ခံနေကြရတယ် ဆိုတဲ့သတင်းတွေ ကို အခြေပြုပြီး ဆွေးနွေးထားကြပါတယ်။
2010-10-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲမပေးဘဲ နေနိုင်ခွင့် ဥပဒေဆိုင်ရာ ပညာပေးခရီးစဉ်တွေကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ မနေ့က စတင်ခဲ့တဲ့ မွန်နဲ့ ကရင် ပြည်နယ် ခရီးစဉ်တွေမှာ ဒေသခံ NLD အဖွဲ့ဝင် တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-10-08
ဒီကနေ့ NLD ပါတီရဲ့ ပဲခူးတိုင်း အနောက်ခြမ်းဒေသ ခရီးစဉ်မှာ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ကိစ္စအပါအဝင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-10-08
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ဆည်တော်လေးဆည်က ရေပိုတွေကို ဖေါက်ချခဲ့တာကြောင့် ရွာလုံးကျွတ် ရေမြုပ်ပြီး သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ သတင်း ရရှိပါတယ်။
2010-10-08
သီရိလင်္ကာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာ ကိုရင်ငယ်နဲ့ သီလရှင်ငယ် ၁၀၀ ကျော်ကို ပြန်ခေါ်ဖို့ သီတဂူ ဆရာတော်နဲ့ မြန်မာသံရုံးက စီစဉ်ပေးနေတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ရရှိတဲ့ သတင်းကို တင်ပြမှာပါ။
2010-10-08
ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း တင်ပြထားတဲ့ အထူးအယူခံအတွက် လျှောက်လဲချက် ပေးဖို့လာမဲ့ အောက်တိုဘာလ ၁၈ရက်နေ့ကို ရက်ချိန်းပေးကြောင်း ဗဟိုတရားရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
2010-10-07
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မမှန်မကန် မဲဆွယ်တာတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ရွေးကောက်ပွဲ ကော်မရှင်မှာ သွားရောက် ဆွေးနွေးခဲ့သလို တရားဝင် စာတစောင်လည်း စက်တင်ဘာလ ၃၀ရက်နေ့ နေ့စွဲနဲ့ တင်ပြခဲ့တယ်လို့ သိရပါတယ်။
2010-10-07
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ ရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။
2010-10-07
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းမှာ ပဲစိုက်ပျိုးထားတဲ့ လယ်ယာမြေတချို့ကို ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူးရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုပြီး သက်ဆိုင်ရာ ကျေးရွာ ရယကအဖွဲ့ဝင်တွေက သိမ်းယူလိုက်တဲ့ အတွက် အိုင်အယ်လ်အိုကို တိုင်ကြားလိုက်တယ်လို့ သိရပါတယ်။
2010-10-07
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းတုံးက ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမားကိုးရာကျော် တပတ်ကျော် ကြာအောင် ဆန္ဒပြခဲ့ဖူးတဲ့ ထိုင်း လာအိုနယ်စပ်က ငါးဖမ်းပိုက်စက်ရုံမှာ အောက်တိုဘာ ၇ ရက် ဒီနေ့မနက်မှာ ထပ်မံဆန္ဒပြမှု ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
2010-10-07
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက်ပေးဖို့ မိမိ ဆက်လက် တိုက်တွန်းနေကြောင်း အောက်တိုဘာ ၆ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။
2010-10-07
ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းရေးကော်မရှင် စေလွှတ်ဖို့ကိစ္စနဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ အခြေအနေတွေကို နိုင်ငံတကာက ပိုမိုသိရှိ လက်ခံလာအောင် မြန်မာအတိုက်အခံ ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာ ၆ ရက် မနေ့က နယူးယောက်မြို့မှာ ဆွေးနွေးပွဲ နှစ်ခု ပြုလုပ်ခဲ့ပါတယ်။
2010-10-07
မြန်မာ့နိုင်ငံရေး အဖြေရှာရေးမှာ နိုင်ငံတကာရဲ့ အကူအညီရရှိဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ ဗြိတိန်အခြေစိုက် ဘားမားကမ်းပိန်း(ယူကေ)အဖွဲ့ က မဇိုရာဖန်းဟာ အောက်တိုဘာ ၆ ရက် မနေ့ နေလည်က ဆွီဒင်နိုင်ငံ လွှတ်တော်ကို သွားရောက် ဟောပြောခဲ့ပါတယ် ။
2010-10-07
မြန်မာနိုင်ငံမှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၁၂ ဦးကို ပြန်လွှတ်ပေးဖို့နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Inter Parliamentary Union) က တောင်းဆိုလိုက်ပါတယ်။